ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် AA အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုအခြေအနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် AA အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုအခြေအနေ


ရခိုင်ပြည်နယ်၊ အမ်းမြို(ကဇူးကိုင်းဒေသ) ယမန်နေ့  နံနက်ပိုင်း ၉ နာရီခန့်က ဒါလက်စစ်ဆေးရေးဂိတ်အား AA အကြမ်းဖက်အဖွဲမှ Drop Bomb များဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဒရုန်းတက်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း၊ ထိုအတူ နေ့လည်ပိုင်း ၉ နာရီအချိန်ခန့်က ကဇူးကိုင်းကျေးရွာအတွင်း လုံခြုံရေးယူနေသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့မှ Drop Bomb အပြင်၊ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများမှ အပြင်းအထန်ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများ ၁၀ နာရီအချိန်ခန့်တွင် အဆိုပါနေရာမှ ဒဏ်ရာရ/သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

အလားတူ မောင်တောမြို့ နေရာစုံအား ပြန်လည်ထိန်းချုပ်နိုင်ရေး တန်ပြန်တိုက်စစ်ဖွင့် တိုက်ခိုက်နေသည့် တပ်မတော်စစ်ကြောင်းများအနေဖြင့် မောင်တောမြို့အား တိုက်ခိုက်ရန် ဗောဓိကုန်းကျေးရွာ၊ ကံသာယာကျေးရွာ၊ ကံပြင်(သာစည်)ကျေးရွာတိုတွင်  ခြေကုပ်ယူထားသော AA အကြမ်းဖက်သောင်းကျန်းသူများအား လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူလျက် စတင်တိုက်ခိုက်ချေမှုန်းနေပြီဖြစ်ကြောင်း သိရှိရသည်။

သံတွဲမြို့၊ သံတွဲလေဆိပ်အနီး ဂေါ့ရွာအတွင်း ဒေသခံပြည်သူလူထုအား လူသားတံတိုင်းခံကာ သံတွဲမြိုအတွင်းအကြမ်းဖက်သောင်းကျန်းမှုများပြုလုပ်ရန် ရောက်ရှိနေသည့် AA သောင်းကျန်းသူအဖွဲ့အား တပ်မတော်စစ်ကြောင်းများမှ ပိတ်ဆိုတိုက်ခိုက်ရှင်းလင်းလျက်ရှိရာ သောင်းကျန်းသူများ ယနေ့ညပိုင်းက ဆင်ကြပ်ကျေးရွာဘက်သို့ သေဆုံး/ဒဏ်ရာရများစွာဖြင့် ဆုတ်ခွာထွက်ပြေးနေကြောင်း သိရှိရသည်။

တောင်ကုတ်မြို့တွင် တောင်ကုတ်တက္ကသိုလ်အနီး AA သောင်းကျန်းသူအဖွဲ့များ ရောက်ရှိနေကြောင်း အကြမ်းဖက်သောင်းကျန်းသူများအား မလိုလားသည့်ဒေသခံများ၏ သတင်းပေးပိုမှုအရာ တပ်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ နှစ်ဖက်တိုက်ပွဲ ခဏတာမျှဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)