နေပြည်တော်၊ ဇွန် ၁၇
တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့တွင် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၅) ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ်အခမ်းအနား (5th Lancang–Mekong Audiovisual Week) သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့မှ တရုတ်နိုင်ငံကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဝင်းကျော်အောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူမင်းမြို့ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိကြရာ ယူနန်ပြည်နယ် ရေဒီယိုနှင့်ရုပ်သံစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြသည်။
အဆိုပါ(၅)ကြိမ်မြောက် လန်ချန်း - မဲခေါင် ရုပ်သံသီတင်းပတ်အခမ်းအနားကို လန်ချန်း- မဲခေါင် ခြောက်နိုင်ငံအကြား ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်သံနှင့် အွန်လိုင်းရုပ်သံမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပိုမိုတိုးမြင့်လာစေရန်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ယဉ်ကျေးမှုဆွေးနွေးပွဲများ တိုးမြင့်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် တရုတ်အမျိုးသား ရေဒီယိုနှင့် ရုပ်သံစီမံခန့်ခွဲရေးအဖွဲ့၊ ဗီယက်နမ်နိုင်ငံ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့က ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment