ကသာခရိုင်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာခရိုင်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားပြုလုပ်



ကသာ၊ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးမြေစိုက်ပိုစတာ Bill Board ဆိုင်းဘုတ်အား ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးရှေ့တွင်စိုက်ထူပြီး  ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးရဲထွန်း၊ အဖွဲ့ဝင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်နှင့် အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင် စာရင်းကောက်ကြစို့” အသိပညာပေးမြေစိုက် ပိုစတာ Bill Board ဆိုင်းဘုတ်စိုက်ထူပွဲသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရဲလင်းထွန်း(ကသာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)