မဟာအောင်မြေမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

 


မဟာအောင်မြေ၊ ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် မဟာဝိဇယကျောင်းတိုက်အတွင်း အများပြည်သူများနှင့် တွေ့ဆုံပြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်မြင့်ဦးက သန်း‌ခေါင်စာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦး‌ကောင်းမြတ်‌ကျော်က၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ တက်ရောက်လာသော အများပြည်သူများ၏သိရှိလိုသည့်မေးမြန်းမှုများကို အကျယ်တဝင့် ပြန်လည်ဖြေရှင်းပေးခဲ့သည်။

ထို့နောက်မဟာအောင်မြေမြို့နယ် ကံလှဈေး၌ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့်တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်ဖို့ အသိပညာပေးနံရံကပ်စာစောင်များ၊ ပိုစတာများနှင့်လက်ကမ်းစာစောင်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အများပြည်သူများအား (အခမဲ့)ဖြန့်ဝေးခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ် ဦးစီးအရာရှိ ဦး‌ကောင်းမြတ်‌ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အများပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးဝိုင်းဝန်း၍ သန်းခေါင်စာရင်းကောက်ကြစို့ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့‌ကြောင်း သိရသည်။


အောင်ဇော်မင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)