ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆွေးနွေးပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆွေးနွေးပွဲသို့တက်ရောက်


ဟားခါး  ၊  ဇွန်   ၂၆


အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် လုပ်ငန်းရှင်များတက်ရောက်ကြသည်။


ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်းဆွန်းထန်က ချင်းပြည်နယ်အတွင်း အလုပ်အကိုင်မရှိဘဲ ဝင်ငွေမရှိသည့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အလုပ်အကိုင်ရရှိနိုင်ရေးအတွက် အဓိကကျွမ်းကျင်မှု(Skill)လိုအပ်ပြီး အဆိုပါ Skill ရရှိနိုင်ရေးအတွက်  လေ့လာသင်ကြားမှုလိုအပ်ပါကြောင်း ၊ ထို့ကြောင့် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများ အထူးသဖြင့် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များအနေဖြင့် အလုပ်အကိုင်မဲ့နေသည့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း အကြုံပြုဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက်ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးမှုအခြေအနေအပါအဝင် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ဆွေးနွေးအကြုံပြုတင်ပြလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြသည်။


ဆွေးနွေးအကြံပြု တင်ပြချက်များအပေါ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)