မြို့သစ်မြို့အတွင်းရှိ ဆန်ဆိုင်များ၌ သတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့အတွင်းရှိ ဆန်ဆိုင်များ၌ သတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး




မြို့သစ်  ၊  ဇွန်  ၂၆


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆန်ဆိုင်များသတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိစုပေါင်းအဖွဲ့သည် မြို့သစ်မြို့အတွင်းရှိ ဆန်ဆိုင်များအား သတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး၍ ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချသွားရန်၊ စျေးနှုန်းကဒ်ထားရှိခြင်းမရှိသည့်ဆိုင်များအား စျေးနှုန်းကဒ်ထားရှိရန်နှင့် မြို့သစ်မြို့နယ်အတွင်း ဆန်စက်များမှ ဆန်ဝယ်ယူခဲ့သည့် ဘောင်ချာများတွင် ရည်ညွှန်းစျေး မှန်ကန်ခြင်း ရှိ/မရှိတို့အား စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)