ဆိပ်ဖြူ ၊ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စာတ်ဖတ်ရှိန်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆိပ်ဖြူ(အ.ထ.က) နဝရတ်ခန်းမ၌ပြုလုပ်သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးတို့က အမှာစကားပြောကြားပေးသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဒေါ်နန္ဒာလှိုင်က စာဖတ်ရှိန်မြင့်မားတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု၏ ဆိုးကျိုးများအန္တရာယ်ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထူးမြတ်သူဇာက မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကျူးလွန်ခြင်းတို့ကြောင့်ဖြစ်သည့် ပြစ်မှုပြစ်ဒဏ်များအကြာင်း သိကောင်းစရာများ၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ခင်မောင်ဇော်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာများကို အသိပေးရှင်းလင်း ပြောကြားပေးသည်။
ထို့နောက် စာတ်ဖတ်ရှိန်မြင့်မားတိုးတက်ရေးအတွက် ပြသထားသည့် စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်းဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်၊ ပန်းချီ ကဗျာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment