စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား) အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား) အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇွန် ၂၂

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၏ စီမံခန့်ခွဲရေးနှင့်ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဒီပလိုမာရယူကြမည့် ကျောင်းဆင်း မောင်မယ်များနှင့် မိဘများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သုံးနှစ်တာကာလအတွင်း စာတွေ့သင်ယူခဲ့ကြသည့် နည်းပညာများနှင့် လက်တွေ့ကွင်းဆင်းလေ့လာခဲ့ခြင်းမှရရှိသည့် အသိပညာ၊ အတတ်ပညာများကို စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် အလယ်အလတ်ပညာရှင်များအဖြစ် နိုင်ငံတော်၏ လယ်ယာကဏ္ဍကြီး ဆတက်ထမ်းပိုးတိုးတက်အောင် စွမ်းဆောင်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြား၍ တန်းစဉ်ပေါင်းအမှတ် အများဆုံးဆုရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းဆင်း မောင်မယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ကျောင်းအုပ်ကြီး ဒေါ်ဝင်းရီက ကျောင်းဆင်းမောင်မယ် ၁၇၄ ဦးကို စိုက်ပျိုးရေး ဒီပလိုမာ လက်မှတ်များအပ်နှင်းသည်။

၂၀၂၃ ခုနှစ်တွင် ရာပြည့်အခမ်းအနားကျင်းပခဲ့သော စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)မှ ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ၅၅၄၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ၁၅ ကျောင်းမှ ၁၉၅၆ ခုနှစ်မှ ယခု ၂၀၂၃ ပညာသင်နှစ်အထိ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ၂၅၅၅၂ ဦးနှင့် မွေးမြူရေး ဒီပလိုမာလက်မှတ်ရ ၄၁၇ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)