ရက်စက်ပါပေ့ နီပိန်း ပဒက်တွေရယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရက်စက်ပါပေ့ နီပိန်း ပဒက်တွေရယ်


၁၉-၆-၂၀၂၄ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရခြင်းနဲ့ ပတ်သက်၍ BBC ဦးဆောင်သော ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေကြတာက ဆရာတော်ကြီး လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပဲ ပစ်ခတ်သလိုလို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျကို ရေးသားဖြန့်ဝေလာကြတာ ဖြစ်ပါတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်လုပ်နေကြတဲ့ ပြည်ဖျက်မိစ္ဆာတွေမှာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ဘယ်လောက်အထိ လုပ်သလဲဆိုရင် သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာနက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ရသလိုလို စာအတုတွေပါ ထုတ်ပြီး ရဟန်းရှင်လူပြည်သူများကို လိမ်ညာဝါဒဖြန့်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေက CRPH, NUG အကြမ်းဖက်အဖွဲ့က နိုင်ငံရေးလုပ်စားသူ ပြည်ဖျက်မိစ္ဆာတွေနဲ့ ပြည်ဖျက်မီဒီယာတွေက လုပ်နေကျ အလုပ်တွေ ဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ ပဒက် (PDF အမည်ခံ အကြမ်းဖက်သမား)တွေက အများပြည်သူ လက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်ပြီဆိုတာနဲ့ ဝိုင်းဝန်းလိမ်ညာ ဝါဒဖြန့်ဖို့ အသင့်ပါပဲ။

ပဒက် (PDF အမည်ခံအကြမ်းဖက်သမားများ)၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ၁၉-၆-၂၀၂၄ ရက်နေ့ ညပိုင်းမှာမှ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၁၉-၆-၂၀၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် မြို့သာမြို့နှင့် ကမ္မရွာအကြားတွင် နယ်မြေလုံခြုံရေးချီတက်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားစိစစ်ဆဲ PDF အမည်ခံ အကြမ်းဖက်သမားများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်မိုင်းဆွဲတိုက်ခိုက်ချိန်၌ သကျင်ရွာဘက်မှ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးသည် ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာအတွင်းသို့ မောင်းနှင်ဝင်ရောက်လာခဲ့ရာ အဆိုပါယာဉ်မှာ ပဒက် (PDF အမည်ခံ အကြမ်းဖက်သမားများ)၏ ပစ်ခတ်မှုကြောင့် ဖြစ်စဉ်နေရာမှ မီတာ ၂၅၀ ခန့်တွင် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါယာဉ်အား သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်မှုများကြောင့် ယာဉ်ပေါ်၌ ပျံလွန်တော်မူနေသည့် ဆရာတော်တစ်ပါးအပါအဝင် ဒဏ်ရာရရှိနေသည့် ဆရာတော်တစ်ပါးနှင့် ယာဉ်မောင်းတို့အား တွေ့ရှိကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဖြစ်စဉ်တွင် ဦးခေါင်းနှောက်စေ့တော်၌ လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိပြီး ပျံလွန်တော်မူခဲ့သည့် ဆရာတော်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း)ဟု သိရှိရပြီး မှန်ကွဲစဒဏ်ရာရရှိတော်မူခဲ့သည့် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန (ငြိမ်း)ဖြစ်ကြောင်း သိရှိရကာ ယာဉ်မောင်း ဦးကျော်ဝင်းမှာ ဝဲဘက်လက်၌ လက်နက်ငယ် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ပဏာမစစ်ဆေးတွေ့ရှိရပါတယ်။

ပဒက် (PDF အမည်ခံ အကြမ်းဖက်သမားများ)၏ လက်ချက်ကြောင့် ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလပ်တော်နှင့် ဒဏ်ရာရရှိထားသော ဆရာတော်၊ ယာဉ်မောင်းတို့အား မန္တလေးမြို့၊ တံတားဦးပြည်သူ့ဆေးရုံမှတဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးကျော်ဝင်း က ပြန်လည် ရှင်းလင်းပြောဆိုရာမှာ "ဒီနေ့ ဆရာတော် နှစ်ပါး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ နဲ့ ဘဒ္ဒန္တဂုနိကာဘိဝံသ ရွာမှာ ဓမ္မာရုံကိစ္စ အကြောင်းအကျိုးလေးတွေ ရှိတဲ့အတွက်ကြောင့် ကျွန်တော်နဲ့အတူ ဆရာတော် နှစ်ပါး ကြွလာပါတယ်။ ကမ္မရွာအထွက်မှာ PDF အကြမ်းဖက်သမားများက သေနတ်နဲ့ ခုနှစ်ချက်ပစ်တဲ့အတွက်ကြောင့် ဆရာတော် ဦးမုနိန္ဒာဘိဝံသ  ပျံလွန်တော်မူပြီး ဦးဂုနိကာဘိဝံသနဲ့ ကျွန်တော်ကတော့ လက်အကြီးအကျယ် ဒဏ်ရာရပြီး တပ်မတော်က ကုသဆောင်ရွက်ပေးနေပါတယ်။" လို့ ပြောကြားထားပါတယ်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော် ၂ ပါးတို့ သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယ ဗဟိုဌာန)၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယ ဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်းဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ယနေ့နံနက် ၁၀၀၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ကံသုံးဆင့် ဆရာတော်၏ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ကမ္မရွာသို့ တံတားဦး- ငါန်းဇွန်- သကျင်-ကမ္မ လမ်းကြောင်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ပဒက် (PDF အမည်ခံအကြမ်းဖက်သမားများ)၏ ပစ်ခတ်တိုက်ခိုက်မှုကိုခံခဲ့ရခြင်း ဖြစ်ပါတယ်။

ဖြစ်စဉ် ဖြစ်ရပ်ကို လိမ်ညာဖုံးကွယ်ပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေမယ့် လုပ်ကြံသတင်းတွေ ရေးသားဖြန့်ဝေခဲ့ကြတယ်။ ဒီလို လုပ်ဆောင်ခြင်းဟာ ပဒက် (PDF အမည်ခံ အကြမ်းဖက်သမားများ) ရဲ့ လုပ်ရပ်အပေါ် ဖုံးကွယ် လိမ်ညာခြင်းဖြစ်သလို နယ်မြေလုံခြုံရေးဆောင်ရွက်နေကြတဲ့ တပ်မတော်သားများနဲ့ ပြည်သူကို ရန်တိုက်ပေးနေတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။

ပဒက် (PDF အမည်ခံ အကြမ်းဖက်သမားများ) ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် အစားထိုးမရတဲ့ ဆုံးရှုံးမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရပြီးပါပြီ။ ဆွမ်းစားနေတဲ့ သံဃာတော်ကို ရက်စက်စွာ သတ်ခဲ့တဲ့ ပဒက်၊ ပရဟိတလုပ်နေတဲ့ သံဃာကို ရက်စက်စွာ သတ်ခဲ့တဲ့ ပဒက်၊ ဘုန်းကြီးကျောင်းကို ဓားမြဝင်တိုက်ပြီး ကျောင်းထိုင်ဆရာတော်ကို ရက်စက်စွာ သတ်ခဲ့တာလည်း နီပိန်း ပဒက်၊ ဘုန်းကြီးကျောင်းကို မီးလောင်တိုက်သွင်းခဲ့တာလည်း နီပိန်း ပဒက် (PDF အမည်ခံ အကြမ်းဖက်သမားများ) ဖြစ်ပါတယ်။ ပဒက် (PDF အမည်ခံ အကြမ်းဖက်သမားများ) ရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး (၉၀)ကျော် ပျံလွန်တော်မူခဲ့ရပြီးဖြစ်ပါတယ်။ 

ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေ မြင်ရတိုင်း၊ ကြားရတိုင်း အနယ်နယ်အရပ်ရပ်မှာ သံဃာတော်များနဲ့ ပြည်သူများက အကြမ်းဖက်အဖွဲ့များကို ပြတ်သားစွာ နှိမ်နင်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ ပုံရိပ်တွေကို မြင်ယောင်နေမိပါတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတဲ့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲရဲ့ လက်ပါးစေ ပဒက်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကြောင့် သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အပြစ်မဲ့ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရသလို ဘာသာ သာသနာကိုလည်း ထိပါးစော်ကား၊ လူမျိုးရေးပြဿနာများလည်း ဖန်တီးနေတဲ့ ရဟန်းရှင်လူပြည်သူများက အကြမ်းဖက်အဖွဲ့များကို ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးဖို့ တောင်းဆိုနေသည့်တိုင်အောင် နှိမ်နင်းမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများဟာ အကြမ်းဖက်သမားများရဲ့ ပစ်မှတ်အဖြစ်နဲ့ ပေးဆပ်နေကြရတာ ဖြစ်ပါတယ်။ အခုလို သံဃာတော်တွေကိုသတ်၊ ဆရာ/ဆရာမတွေကိုသတ်၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်တဲ့ အကြမ်းဖက်သမားများကို ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ဖို့ ဝေးစွ ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်း မရှိခဲ့တာ များပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်သမားများက လူမဆန်တဲ့ လုပ်ရပ်တွေကို အကြိမ်ကြိမ် အခါခါ ကျူးလွန်နေကြတာပဲ ဖြစ်ပါတယ်။ တာဝန်ရှိသူများအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို ပိုမိုထိရောက်တဲ့ နည်းလမ်းများနဲ့ ရှင်းလင်းဆောင်ရွက်ပေးဖို့ကိုလည်း အလေးအနက် မေတ္တာရပ်ခံ တောင်းဆိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)