PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့





နေပြည်တော်၊ ဇွန် ၁၉

ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြို့သာမြို့နှင့် ကမ္မရွာအကြားတွင် နယ်မြေလုံခြုံရေးချီတက်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားစိစစ်ဆဲ PDF အမည်ခံ အကြမ်းဖက်သမားများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။


အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်မိုင်းဆွဲတိုက်ခိုက်ချိန်၌ သကျင်ရွာဘက်မှ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးသည် ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာအတွင်းသို့ မောင်းနှင်ဝင်ရောက်လာခဲ့ရာ အဆိုပါယာဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဖြစ်စဉ်နေရာမှ မီတာ ၂၅၀ ခန့်တွင် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။


ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါယာဉ်အား သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်မှုများကြောင့် ယာဉ်ပေါ်၌ ပျံလွန်တော်မူနေသည့် ဆရာတော်တစ်ပါးအပါအဝင် ဒဏ်ရာရရှိနေသည့် ဆရာတော်တစ်ပါးနှင့် ယာဉ်မောင်းတို့အား တွေ့ရှိကယ်ထုတ်နိုင်ခဲ့သည်။ ဖြစ်စဉ်တွင် ဦးခေါင်းနှောက်စေ့တော်၌ လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိပြီး ပျံလွန်တော်မူခဲ့သည့် ဆရာတော်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း)ဟု သိရှိရပြီး မှန်ကွဲစဒဏ်ရာရရှိတော်မူခဲ့သည့် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန (ငြိမ်း)ဖြစ်ကြောင်း သိရှိရကာ ယာဉ်မောင်း ဦးကျော်ဝင်းမှာ ဝဲဘက်လက်၌ လက်နက်ငယ် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ပဏာမစစ်ဆေးတွေ့ရှိရသည်။


ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလပ်တော်နှင့် ဒဏ်ရာရရှိထားသော ဆရာတော်၊ ယာဉ်မောင်းတို့အား မန္တလေးမြို့၊ တံတားဦးပြည်သူ့ဆေးရုံမှတဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးကျော်ဝင်း၏ ပြောကြားချက်ကိုလည်း ယခုလိုပဲသိရှိရပါတယ်။


အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော် ၂ ပါးတို့ သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယ ဗဟိုဌာန)၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယ ဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်းဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ယနေ့နံနက် ၁၀၀၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ကံသုံးဆင့် ဆရာတော်၏ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ကမ္မရွာသို့ တံတားဦး- ငါန်းဇွန်- သကျင်-ကမ္မ လမ်းကြောင်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကိုခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)