အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ရာတွင် ပါဝင်ခဲ့သည့် တရားခံတစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ရာတွင် ပါဝင်ခဲ့သည့် တရားခံတစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


မန္တလေး၊ ဇွန် ၁၉

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းအောင်သည် ၎င်း၏ရွှေပန်းတိမ်ဆိုင်ရှိရာ အောင်မြေသာစံမြို့နယ်မှ နေအိမ်သို့ ၁၂ လမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်နှင်ထွက်ခွာလာစဉ် အမျိုးသား(၂)ဦး(စိစစ်ဆဲ)က CZI အမျိုးအစားအနက်ရောင်ဆိုင်ကယ်ဖြင့် အနောက်မှကပ်၍ လိုက်ပါလာပြီး သေနတ်အမျိုးအစား (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ကာ ဦးဝင်းအောင်တွင် ပါရှိလာသည့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သောကြောင့် အမှတ်(၄)နယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်၍ တရားခံများ ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့သည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ပစ်ခတ်လုယက်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့/ညမပြတ် သတင်းရယူစုံစမ်းထောက်လှမ်းခြင်း၊ လုံခြုံရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၏ အကူအညီများ ရယူဆောင်ရွက်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် ပြစ်မှုကျူးလွန်သူတရားခံ ၂ ဦးအနက် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းအုပ်စု၊ ဥဒေါင်းကျေးရွာတွင်နေ ကံပိုင်(ခ) ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်(၃၈)နှစ်၊ (ဘ)ဦးမြင့်အောင်အား ဇွန်လ ၁၈ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်းဖက်သတ်ဖြတ်လုယက်ယူဆောင်သွားသည့် သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ၎င်း၏နေအိမ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကံပိုင်(ခ)ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် တစ်ရွာတည်းနေ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ကိုမောင်း(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ငွေကြေးလိုအပ်ချက်အရ ပန်းတိမ်ဆရာ ဦးဝင်းအောင် လုပ်ငန်းသိမ်းပြီး ရွှေထည်ပစ္စည်းများနှင့်အတူ နေအိမ်သို့အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများအား လုယူရန်ညှိနှိုင်းခဲ့ရာ သဘောတူညီမှုရရှိခဲ့ပြီး ကိုမောင်း၏ အဆက်အသွယ်ဖြင့် မတ္တရာ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန် ကျန်တရားခံ မင်္ဂလာပါ(အမည်လွှဲ)နှင့် ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ၁၂ လမ်းနှင့် ၈၉ လမ်းထောင့်တွင်တွေ့ဆုံ၍ ပစ်ခတ်လုယက်မည့် အစီအစဉ်အား တိုင်ပင်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဖမ်းဆီးရန်ကျန် တရားခံမင်္ဂလာပါနှင့်အတူ ၁၂ လမ်းရှိ ရွှေပုဇွန်ဆီဆိုင်အနီးတွင် အသင့်စောင့်ဆိုင်းနေပြီး ဦးဝင်းအောင် ထွက်လာချိန်တွင် ကံပိုင်(ခ)ကိုဖြိုး (ခ)ပြည့်ဖြိုးအောင်မှ ဆိုင်ကယ်အား မောင်းနှင်ပြီး ဖမ်းဆီးရန် ကျန်တရားခံမင်္ဂလာပါက နောက်မှ စီးနင်းလိုက်ပါကာ ဦးဝင်းအောင်၏ ဆိုင်ကယ်နောက်မှ ကပ်၍မောင်းနှင်လိုက်ပါသွားပြီး Golden Star ဘီယာဆိုင်ရှေ့အရောက်တွင် မင်္ဂလာပါမှ ၎င်းအသင့် ယူဆောင်လာသည့် တစ်ထောင့်ထိုးလက်လုပ်သေနတ်ဖြင့် ဦးဝင်းအောင်အား ပစ်ခတ်ခဲ့ပြီး လဲကျသွားချိန်တွင် ကံပိုင်(ခ)ကိုဖြိုး (ခ)ပြည့်ဖြိုးအောင်မှ ဆိုင်ကယ်အားရပ်၍ ဦးဝင်းအောင် လွယ်ထားသည့် ရွှေထည်ပစ္စည်းများ ထည့်ထားသောအိတ်အား ဖြုတ်ယူကာ အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် ကြိုးပမ်းဆောင်ရွက်မှုနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသည့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ကြောင့် အကြမ်းဖက်ပစ်ခတ်လုယက်မှုကျူးလွန်သူတရားခံ ကံပိုင်(ခ) ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်အား ပြစ်မှုဖြစ်ပွားပြီး(၅)ရက်အတွင်း သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံ PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များဖြစ်ကြသည့် ကိုမောင်းနှင့် မင်္ဂလာပါ တို့(၂)ဦးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)