ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်၊ စက်ရုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်၊ စက်ရုံများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၂

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်ဥပဒေနှင့် စက်မှုဇုန်နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုဇုန်ဥပဒေ၏ ရည်ရွယ်ချက်၊ ကော်မတီများဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းပုံ၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဒေသဆိုင်ရာ ကော်မတီမှ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စက်မှုဇုန်အသစ် တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ ယခင်စက်မှုဇုန်များနှင့် စီမံခန့်ခွဲရေးကော်မတီများ ပေါ်ပေါက်လာပုံ၊ တည်ထောင်ပြီးစက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများ၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်ခဲ့မှုတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအခြေအနေ၊ မြေအသုံးချမှုအခြေအနေနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက နည်းဥပဒေပါအချက်အလက်များနှင့်အညီ စက်မှုဇုန်များအား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ချည်မျှင်နှင့် အထည်ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာနသို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ဌာနတာဝန်ခံက ချည်မျှင်နှင့်အထည်များ စမ်းသပ်စစ်ဆေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဝတ်ဆင်ရေးကဏ္ဍ ပြည့်စုံဖူလုံစေရေးအတွက် ဝါမှ ဝါဂွမ်း၊ ချည်၊ အထည်ရက်လုပ်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ် အဝတ်အထည်များ၏ အရည်အသွေးတိုးတက် ကောင်းမွန်စေရေးအတွက် စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝါဂွမ်း၊ ချည်၊ အထည်စမ်းသပ်စစ်ဆေးသည့် နည်းပညာရပ်များ ပြန့်ပွားအောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားပြီး ဝါဂွမ်း၊ ချည်နှင့်အထည်များ ဆောင်ရွက်လျက်ရှိသည့် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်ငန်းဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံမှလိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များရရှိရေးအတွက် သက်မွေးပညာသင်ကျောင်းများ၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ စက်ရုံရှိ စက်ပစ္စည်းများနှင့်ပတ်သက်၍ ကြိုတင်စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များရေးဆွဲပြီး တိတိကျကျ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ အမှာစာဖြင့်မှာယူထားသည့် ဆေးဝါးများကို အချိန်မီထုတ်လုပ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများဝယ်ယူရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အဂတိတရားကင်းကင်းဖြင့် စေတနာထားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)