အင်းတော်၊ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသည် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ စတင်၍ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းများ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၅ ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း၊ ယခု ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင်လည်း အဆိုပါကျောင်းများဖွင့်လှစ်၍ အခြေခံပညာများကို သင်ကြားပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား/သူ ဦးရေ ၅,၀၅၆ ဦး တက်ရောက်ခဲ့ပြီး၊ ယခု ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား/သူ ၄,၆၁၄ ဦး တက်ရောက်ရန် ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။
ကျော်သီဟ
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment