ကြို့ပင်ကောက်မြို့နယ်တရားရုံး အဆောက်အဦးသစ် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ်တရားရုံး အဆောက်အဦးသစ် ဖွင့်လှစ်





ကြို့ပင်ကောက်၊ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တရားရုံး အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဥပဒေချုပ်တို့က မြို့နယ်တရားရုံးအဆောက်အဦးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး တရားလွှတ်တော် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်သောင်းအောင်က တရားရုံးအဆောက်အဦးသစ် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆောက်လုပ်ရေးတာဝန်ခံကုမ္မဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မြင့်က တရားရုံးအဆောက်အဦးသစ်၏ ဆောက်လုပ်မှုလုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသော တာဝန်ရှိသူများက အဆောက်အဦးသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦးသစ်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစတင်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၇၆၀ ဖြင့် Winner Land Production Co;td မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)