မြိတ်မြို့တွင် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် နွေစပါးနှင့် ဒူးရင်းသီးနှံများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် နွေစပါးနှင့် ဒူးရင်းသီးနှံများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်ပေးအပ်ပွဲကျင်းပ




မြိတ်၊ ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အကျိုးဆောင်တောင်သူများအား ၂ဝ၂၃-၂ဝ၂၄ ခုနှစ် နွေစပါးနှင့် ဒူးရင်းသီးနှံများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁) နာရီက မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ပေးအပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြာကြားပြီး နွေစပါးနှင့် ဒူးရင်းသီးနှံများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်များကို အကျိုးဆောင် တောင်သူ များအား စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

၂ဝ၂၃-၂ဝ၂၄ ခုနှစ် နွေစပါးနှင့် ဒူးရင်းသီးနှံများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်ကို မြိတ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူ နွေစပါးတွင် မြိတ်မြို့နယ် မှ (၁၅)ဦး၊ ကျွန်းစုမြို့နယ်မှ(၄)ဦး၊ တနင်္သာရီမြို့နယ်မှ(၄၈)ဦး၊ ပုလောမြို့နယ်မှ(၅)ဦး စုစုပေါင်း (၇၂)ဦးနှင့် ဒူးရင်းသီးနှံတွင် မြိတ်မြို့နယ်မှ (၁)ဦး ရရှိခဲ့ကြသည်။

အဆိုပါ (GAP) လက်မှတ်ကို အကျိုးဆောင်တောင်သူများက လျှောက်ထားလာမှုအပေါ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူစိုက်ခင်း၏ မြေနမူနာ ဓာတ်ခွဲစမ်းသပ်မှုအပါအဝင် ထွက်ရှိလာသည့် သီးနှံကိုပါ စစ်ဆေးဆောင်ရွက်ပြီးမှ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် တောင်သူများကို လက်မှတ်ထုတ်ပေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ခိုင်ထူး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)