မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရတိုက်ကျွေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရတိုက်ကျွေးခြင်းများဆောင်ရွက်





မိုင်းစံ၊ ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရများတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြက်သားဆန်ပြုတ်အာဟာရတိုက်ကျွေးပါသော မိုင်းရှူးမြို့နယ်မှ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းနှင့် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်နွဲ့မူတို့မိသားစုအား ဆုတောင်းမေတ္တာများ ပို့သပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကြက်သားဆန်ပြုတ်များကို တိုက်ကျွေးခဲ့သည်။ ထိုသို့အာဟာရများတိုက်ကျွေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခံအားကောင်းစေရန်၊ သွေးလွန်တုပ်ကွေးဖျားနာခြင်းများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရန်၊ ဦးနှောက်ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများစားသောက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရပြည့်ဝသော ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခြင်းဖြစ်ကြောင်း မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်မော်ထံမှ သိရှိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)