စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများအား အသိပညာပေးဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများအား အသိပညာပေးဆွေးနွေးပွဲကျင်းပ


စလင်း၊ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာသီတွင် တိုးတက်မြင့်မားရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် တညောင်၊ မိုးဝန်းကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးတာဝန်ခံနှင့် စိုက်ကြပ်အဖွဲ့များက အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာ၌ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေပြီး မိုးစပါးနှင့်အခြားသီးနှံမျိုးစုံ စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးခြင်းအားလုံးကို နည်းစနစ်မှန်ကန်မှုရှိပြီး လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့အတွက် စိုက်ပျိုးရာ၌ အတန်းလိုက်စိုက်စနစ်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲများကို ကျေးရွာများအလိုက် ကွင်းဆင်းဟောပြောဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးခဲ့နိုင်ပြီး ယခုအချိန်သည် သွားလာမှုအခက်အခဲများရှိ၍ တောင်သူများ လယ်ယာဖွံဖြိုးရေးဘဏ်သို့ လာရောက်ချိန်များတွင် တောင်သူများနှင့်ထပ်မံတွေ့ဆုံ၍ ဟောပြောဆွေးနွေးရခြင်း ဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ပျိုးမှုများတွင် မျိုးလိုအပ်ချက်များရှိလျင် စာရင်းများပြုစု၍ တောင်သူများ မျိုးကောင်းမျိုးသန့်ရရှိရေးကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်သူများနှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်ဆွေးနွေးကြသည့် စပါးစိုက်ပျိုးတောင်သူများ၊ ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများအားလုံးနှင့် ကျန်ရှိနေသေးသည့် တောင်သူများကိုလည်း တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း၍ စိုက်စနစ်များကိုဖြန့်ဝေစိုက်ပျိုးကြရန်နှင့် တောင်သူများလယ်ယာသုံးဆေးဝါး သွင်းအားစုများနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို တောင်သူများနှင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။


မောင်လွင် (စလင်း)

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)