ရွှေပြည်သာစက်မှုဇုန်၌ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာစက်မှုဇုန်၌ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ


ရန်ကုန်၊ ဇွန် ၁၅

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမ၌ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲသို့ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများ၊ တာဝန်ခံကြီးကြပ်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေး၊ တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် အလုပ်သမားရေးရာ တိုင်းဒေသကြီး တာဝန်ခံအရာရှိများက အလုပ်သမားရေးရာဥပဒေ များနှင့်စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များနှင့် အမိန့်၊ ညွှန်ကြားချက် များကို ရှင်းလင်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းရင်းသား ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့် ရွှေပြည်သာမြို့နယ်ရှိ Jia Shihao Myanmar Co., Ltd အထည်ချုပ်စက်ရုံနှင့် Jia Shihao Knitted Co., Ltd အထည်ချုပ်စက်ရုံများ၌ အလုပ်သမားများ အေးချမ်းပျော်ရွှင်စွာ လုပ်ကိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ကောလာဟလသတင်းများကို နားမယောင်ရန်နှင့် လုပ်သားများအနေဖြင့် အလုပ်အကိုင် တည်မြဲရေးအတွက် မိမိအလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကို သစ္စာရှိရန်နှင့် စိတ်ကောင်းထားပြီး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရှိ သုခစုစံသင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးရာ သင်တန်းတာဝန်ခံက သင်တန်းကျောင်းတွင် သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သားများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဈေးကွက်လိုအပ်ချက်နှင့်အညီ သင်ကြားပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)