ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့သစ်မြို့နယ်၌ မိုးစပါး၊ ဝါနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးအတွက် တောင်သူများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့သစ်မြို့နယ်၌ မိုးစပါး၊ ဝါနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးအတွက် တောင်သူများနှင့်တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဇွန် ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တာဝန်ရှိသူများနှင့်အတူ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ထူးချွန်ဆုရ သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့ သမဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်ယန္တရားပံ့ပိုးကူညီမှုဖြင့် ကျေးရွာလူထုက ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နေသော ပေပင်ရိုး - ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြေပြင်သာ၊ သန်းကုန်း၊ ပင်းစု၊ အောင်မြင်သာ၊ အောင်သပြေကျေးရွာငါးရွာမှ မိုးစပါးစိုက်တောင်သူများ၊ ဝါစိုက်တောင်သူများ၊ ဆီထွက်သီးနှံစိုက်တောင်သူ များနှင့်တွေ့ဆုံ၍ သီးနှံအလိုက်အထွက်နှုန်းတိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးနှင့် ဓာတ်မြေဩဇာသွင်းအားစုများ အချိန်မီပံ့ပိုးပေးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေးမှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာငါးရွာမှ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး မြေပြင်သာကျေးရွာရှိ လုပ်ငန်းရှင် ဦးစောကျော်ခိုင်၏ အောင်နိုင်သူ ဝါကြိတ်စက်သို့ သွားရောက်ကြည့်ရှုအားပေးပြီး အဆင့်မီဝါများ ကြိတ်ခွဲနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)