ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာနှင့် တမန်ချောင်းကျေးရွာတို့တွင် သစ်စိမ်းမြေဩဇာကြဲပက်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာနှင့် တမန်ချောင်းကျေးရွာတို့တွင် သစ်စိမ်းမြေဩဇာကြဲပက်ပွဲ အခမ်းအနားကျင်းပ


ငပုတော၊ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာတွင် မိုးစပါးရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ ပိုက်‌ဆံလျှော် ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် ၁၀၄၂(ခ)၊ ဦးပိုင်အမှတ် (၁၉/၁)၊ တောင်သူ ဒေါ်တင်အုန်း၏လယ်မြေ(၅.၀၀) ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)‌ဦးသန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး သစ်စိမ်းမြေဩဇာမျိူးစေ့များကို တောင်သူများနှင့်အတူ စုပေါင်းကြဲပက်ကြသည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တမန်ချောင်းကျေးရွာ ကွင်းအမှတ်(၁၃၉၆)၊ ဦးပိုင်အမှတ်(၃/၄) တောင်သူမန်းမင်း‌‌ဆွေ၏ လယ်မြေ(၇.၀၅)ဧကတွင် သစ်စိမ်းမြေဩဇာ မျိုးစေ့ကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။


အောင်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)