လှိုင်သာယာ (အရှေ့ပိုင်း) ၊ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသိပညာပေးဟောပြောသရုပ်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ၌ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)၌ ကျင်းပပြုလုပ်သည်။
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုမှ အမှာစကားပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်တင်တင်ချိုမှ လူငယ်နှင့်ကျန်းမာရေးအကြောင်း ဟောပြောခြင်း၊ အင်းစိန်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်မှ လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး Fitness Dance အဖွဲ့မှသရုပ်ပြခြင်းနှင့် တိုက်ကွမ်ဒိုကလပ်အဖွဲ့မှ သရုပ်ဖော်ပြသဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များမှ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)သို့ အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးအပ်ပြီး အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့်ကာပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်စံနှင့်၀န်ထမ်းများ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦး တက်ရောက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ
https://t.me/MyanmarNationalPost
No comments:
Post a Comment