လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့သည့် NUG အကြမ်းဖက်အဖွဲ့၏ အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုင်ဇက်ခင်ကို တာဝန်က ယာယီရပ်ဆိုင်းဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့သည့် NUG အကြမ်းဖက်အဖွဲ့၏ အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုင်ဇက်ခင်ကို တာဝန်က ယာယီရပ်ဆိုင်းဟုဆို



ရန်ကုန်၊ ဇွန် ၂၆

NUG အကြမ်းဖက်အဖွဲ့၏ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်ရုံးတွင် ၂ဝ၂၃ ခုနှစ်၊ ဧပြီလက စတင်ပြီး အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ CDM ချင်းအမျိုးသမီးကို အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်က အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် အမြတ်ထုတ်ခဲ့တာကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူနဲ့သက်သေထွက်ဆိုသူနှစ်ဦးကို အလုပ်ထုတ်မှုကြောင့် ဝိုင်းဝန်းဝေဖန်ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။

ဟိုးလေတကြော်ကြော် ဖြစ်လာပြီးနောက် NUG အကြမ်းဖက်အဖွဲ့က  လိင်စော်ကားတဲ့ ဆလိုင်းအိုင်ဇက်ခင်ကို တာဝန်က ယာယီရပ်ဆိုင်းထားတယ်လို့ NUG အကြမ်းဖက်အဖွဲ့မှ ဇင်မာအောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

NUG အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး ၏ မဖွယ်မရာ လုပ်ရပ်နှင့် ပတ်သက်၍ လေ့လာသူတစ်ဦး က "NUG အကြမ်းဖက်အဖွဲ့ထဲမှာ ဒါမျိုးပြဿနာတွေက အများကြီးပါ။ ဆလိုင်းအိုက်ဇက်ခင် က မကျေနပ်လို့ ပြန်ဖော်ရင် စောက်ရှက်တွေ ကွဲကြအုံးမှာ။ ဒါတွေကလည်း အခုမှ မဟုတ်ပါဘူး။ NLD ပါတီ အာဏာရှိစဉ်ကလည်း NLD လွှတ်တော်အမတ်ရဲ့ ဖခင်က သက်ငယ်မုဒိန်းကျူးလွန်တယ်။ ရဲတပ်ဖွဲ့ကို ဖိအားပေးပြီး အမှုကို ဖျောက်ပစ်တယ်။ စော်ကားခံရတဲ့ ကလေးမလေးရဲ့ မိခင်၊ ဝမ်းဆွဲသည် တို့ကို ပြန်ပြီး တရားစွဲဆိုတာမျိုးတွေအထိ လုပ်ခဲ့ကြပါတယ်။ ဒီလို ပြဿနာတွေက သူတို့အတွက် မထူးဆန်းပါဘူး။ မဖုံးနိုင် မဖိနိုင်လို့ အသံထွက်လာမှ ကြားရတာ။ ဒါမျိုးတွေက NUG အကြမ်းဖက်အဖွဲ့ထဲမှာ အများကြီးပါ" ဟု သုံးသပ်ပြောဆိုသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)