ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့နယ်၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် မြို့နယ်လုံးဆိုင်ရာ စာပြန်/စာဖြေပွဲတော်ကြီးအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့နယ်၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် မြို့နယ်လုံးဆိုင်ရာ စာပြန်/စာဖြေပွဲတော်ကြီးအခမ်းအနားသို့ တက်ရောက်




ပင်းတယ၊ ဇွန် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ စာပြန်/ စာဖြေပွဲတော်ကြီးအခမ်းအနားကို ဇွန်လ (၂)ရက်နေ့ နံနက် ၇ နာရီ ကကျင်းပပြုလုပ်ခဲ့ပြီး ယနေ့နံနက် ၇ နာရီအချိန်က (၇၀)ကြိမ်ပြည့် သာသနဟိတပရိယတိအာဂုဏ် စာပြန်ပွဲတော်ကြီးကို ထီးဖြူတော်ဖွင့်မိုး၍ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စာပြန်/စာဖြေပွဲတော်ကြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ဆရာတော်/ သံဃာတော်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား ဇေယျသိဒ္ဓိအခါတော်ကြား လျှောက်ထားလွှာကို စာချဆရာတော် တစ်ပါးက ဖတ်ကြားပေးခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက (၇၀)ကြိမ်ပြည့် သာသနဟိတပရိယတ္တိအာဂုဏ်စာပြန်ပွဲတော်ကြီးကို ထီးဖြူတော်ဖွင့်မိုး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

၁၃၈၆ ခုနှစ် ပင်းတယမြို့နယ်လုံးဆိုင်ရာ သာသနဟိတပရိယတ္တိ စာပြန်၊ စာဖြေပွဲတော်ကြီးအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်စံန္ဒောဘာသနှင့် ဆရာတော်များက ကြီးမှုး၍ ဆရာတော် အရှင်သူမြတ်များနှင့် စာဖြေစာပြန်သံဃာတော်များအား အာရုံဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာဂထမင်းကျွေးခြင်းနှင့် ဝေယျာဝစ္စကိစ္စများကို နေ့စဉ်တာဝန်ကျ ရပ်ကွက်များမှ အလှည့်ကျဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စာပြန်/ဖြေပွဲတော်ကြီးတွင်မူလ(က)၊ မူလ(ခ)၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္ဓမအတန်းလိုက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ စာပြန်သံဃာတော် ၃၀၀ ပါးနှင့် စာဖြေသံဃာတော် ၂၂၃ ပါး၊ စုစုပေါင်းသံဃာတော် ၅၂၃ ပါးရှိကြောင်း၊ မြို့နယ်လုံးဆိုင်ရာ စာပြန်/ ဖြေပွဲတော်ကြီးအား ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ အောင်လက်မှတ်ပေးအပ်သည့် ဆုနှင်းသဘင်အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက် (ကဆုန်လကွယ်)နေ့တွင် အဆိုပါမြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ကိုဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)