ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံဂီတနေ့ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံဂီတနေ့ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ




ရွှေပြည်သာ  ၊  ဇွန် ၂၄


ဇွန်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံဂီတနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံဂီတနေ့ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ယနေ့နံနက်၈နာရီခွဲက ကျင်းပသည်။ ရှေးဦးစွာ ရွှေပြည်သာမြို့နယ်ဂီတအစည်းအရုံး အဖွဲ့ဝင်များက ဂီတစာဆို မောင်မျိုးသူရေးသားသော မြန်မာ့ဂီတနေ့သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်ပြီး ရွှေပြည်သာမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးဇော်မင်းဟန်က အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဂီတအည်းအရုံး(ဗဟို)မှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဝင် ဦးအောင်မြင်က ဖတ်ကြားသည်။


ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက တိမ်တမန်သီချင်းဖြင့်လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းလှိုင်က ပန်းပန်လျက်ပါ သီချင်းဖြင့်လည်းကောင်း၊ ရွှေတံဆိပ်ဆုများရှင် မယ်ဒလင်မြနှင်းရီက မိုးသီချင်းဖြင့်လည်းကောင်း၊ အဆိုဝါသနာရှင် ဂီတညီအကိုမောင်နှမများကလည်း မိမိတို့ကြိုက်နှစ်သက်ရာ တေးသီချင်းများဖြင့် အသီးသီးသီဆိုဖျော်ဖြေကြရာ တာဝန်ရှိသူများနှင့် ဂီတချစ်မြတ်နိုးသူများက ဆုများအသီးသီး ချီးမြှင့်ကြပြီး ရွှေပြည်သာမြို့နယ် ဂုဏ်ဆောင်ဂီတပညာရှင်များအား မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဥ်မေသွယ်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဂီတပညာရှင်များ၊ ဂီတအစည်းအရုံးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပြီး အခမ်းအနားကို အောင်ပါစေသီချင်းဖြင့် မွန်းလွဲ (၃) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)