ပို့ကုန်လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေးကြိုးပမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ကုန်လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေးကြိုးပမ်း


နေပြည်တော်၊ ဇွန် ၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်စေရေးအတွက် အဓိကပို့ကုန်များဖြစ်သည့် ဆန်/ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများကို တင်ပို့သည့် ကုမ္ပဏီအလိုက်ဆောင်ရွက်နိုင်သည့် အခြေအနေအပေါ် သက်ဆိုင်ရာအသင်း အဖွဲ့များနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လအလိုက်လျာထားသတ်မှတ်ပြီး လျာထားသတ်မှတ်ချက်အတိုင်းတင်ပို့နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အစရှိသည့် အသင်းအဖွဲ့များနှင့်ညှိနှိုင်း၍ ပို့ကုန်တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။


ပြည်ပပို့ကုန်ပစ္စည်းများအနက်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်/ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ရန် လျာထားမှုအပေါ် ၂၀၂၄ ခုနှစ် ဇွန် ၄ ရက် စာရင်းများအရ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းရှစ်ခုတွင် ဆန်တင်ပို့နိုင်ရန်ဆန်သင်္ဘောရှစ်စင်း ဆိုက်ကပ်လျက်ရှိပြီး အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (Alone International Port Terminal) မှ ဆန်တန်ချိန် တန် ၁၂၅၀၀၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (Yangon Intrernational Gateway Terminal) မှ ဆန်တန်ချိန် တန် ၁၂၅၀၀၊ ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal) မှ ဆန်တန်ချိန် တန် ၁၀၀၀၀၊ WILMAR ဆိပ်ကမ်း (Wilmar Intrernational Port Terminal) မှ ဆန်တန်ချိန် ၉၈၀၀ တန်နှင့် ဆူးလေ ဆိပ်ကမ်း (Sule Pagoda Wharves) မှ ဆန်တန်ချိန် တန် ၉၁၁၂၀ စုစုပေါင်း တန် ၁၃၅၉၂၀ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဆန်တန်ချိန် တန် ၇၄၀၀၀ တင်ပို့ရန်အတွက် သင်္ဘော လေးစင်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)