ထားဝယ်မြို့တွင် မူလတန်းကျောင်းအား ပြည်ဖျက်PDFအကြမ်းအဖွဲ့က ဗုံးထောင်ဖောက်ခွဲခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့တွင် မူလတန်းကျောင်းအား ပြည်ဖျက်PDFအကြမ်းအဖွဲ့က ဗုံးထောင်ဖောက်ခွဲခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက်


 

ထားဝယ်မြို့တွင် မူလတန်းကျောင်းအား ပြည်ဖျက်PDFအကြမ်းအဖွဲ့က ဗုံးထောင်ဖောက်ခွဲခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက်


ရက်စွဲ ။  ။ ၅.၆. ၂၀၂၄ 

၁၃၈၆ ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ ရက် ဗုဒ္ဓဟူးနေ့

စာအမှတ် ။  ။ ၅/မမရသ/၂၀၂၄

၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်အဂ်ါနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေး ငယ် ၃ ဦးသေဆုံးကာ၂၀ ဝန်းကျင်ဒဏ်ရာရရှိခဲ့ပါတယ်လို့ ကြားသည့်ရတဲ့အတွက် ကျွန်ုပ်တို့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

ပြည်ဖျက် PDF အကြမ်းဖက်များ က စာသင်ကျောင်းများ၊ ဆေးရုံများ အား ဖောက်ခွဲတိုက်ခိုက်နေမှုများ သည် အင်မတန် အောက်တန်းကျသည့် အဖျက်အမှောင့် လုပ်ရပ်များဖြစ်ပါသည်။ ထိုသို့ပညာရေး၊ ကျန်းမာရေး အပေါ် လူမဆန်သော စိတ်ဓာတ်ဖြင့် ပြည်ဖျက် PDFအကြမ်းဖက်သမားများက ဖျက်ဆီးနေမှု များအပေါ်  မြန်မာ့မီဒီယာတွင်သာမက ကမ္ဘာ့မီဒီယာအထိ၊ ထိုမှတဆင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ တရားဝင်အဖွဲ့အစည်း အဆင့်ဆင့်ထိ ရောက်ရှိအောင် ချပြသင့်ပါသည်။ ထိုသို့ချပြမှသာ ကမ္ဘာ ကပါ အကြမ်းဖက်ပြည်ဖျက်အဖွဲ့များအဖြစ် သိရှိ သုံးသပ်နိုင်မည် ဖြစ်ပါသည်။

ယခုအခါ နိုင်ငံတော်၏ ပညာရေးဝန်ကြီးဌာန က အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ပြည်ဖျက် PDFအကြမ်းဖက်  အုပ်စုများနှင့် သူတို့အား ခိုင်းစေနေသည့် NUG, CRPH တရားခံပြေးများ၊ ပြည်တွင်းသစ္စာဖောက်လောက်ကောင်များက ဗုံးထောင်ဖျက်ဆီးမူများ ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများပါ ကျောင်းတက်ရန် ကြောက်ရွံ့နေကြပြီဖြစ်သည်။ ထိုသို့ အကြမ်းဖက်ဗုံးထောင်မူများ ထပ်မံမဖြစ်ပေါ်စေရန် နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများနှင့် တာဝန်သိကျောင်းသားမိဘများ ပြည်သူများပူး ပေါင်းကာ ဆောင်ရွက်ပေးသင့်ပါသည်။

ထိုသို့ ပြည်ဖျက် PDFအကြမ်းဖက်များ၏ လူသားချင်းစာနာမှုကင်းမဲ့၍ လူမဆန်သော ရက်စက်ယုတ်မာမှု များအား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ကန့်ကွတ်ရှုတ်ချကြာင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

Join -  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)