AA အဖွဲ့အစည်းဟာ ဗမာမုန်းတီးရေးအပါအဝင် တိုင်းရင်းသားလူမျိုးစုနွယ်တွေကိုပါ မုန်းတီးရေးလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အဖွဲ့အစည်းဟာ ဗမာမုန်းတီးရေးအပါအဝင် တိုင်းရင်းသားလူမျိုးစုနွယ်တွေကိုပါ မုန်းတီးရေးလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

 


နေပြည်တော်၊ ဇွန် ၅

AA အကြမ်းဖက်အဖွဲ့များ၏ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုများနှင့် ပတ်သက်၍ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ရှင်းလင်းပြောကြားရာတွင် AA အဖွဲ့အစည်းဟာ ဗမာမုန်းတီးရေး၊ ဘင်္ဂါလီမုန်းတီးရေး၊ ဒါ့အပြင်အဲဒီမှာရှိနေတဲ့ လူမျိုးစုငယ်တွေဖြစ်တဲ့ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်စတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တွေကိုပါ မုန်းတီးရေးလုပ်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ရှင်းလင်းပြောကြားချက်တွင် -

AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ စစ်တွေမြို့နယ်ဗျိုင်းဖြူကျေးရွာ ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေတာကိုတွေ့ရပါတယ်။ ဒီ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာရဲ့ မြောက်ဘက်မှာရှိနေတဲ့ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်ပေါ့၊ ဗျိုင်းဖြူကျေးရွာဟာလည်း စစ်တွေမြို့နယ်ရဲ့မြောက်ဘက်မှာပဲရှိတာပါပဲ။ ဒီရွာတွေကနေပြီးတော့ AA အကြမ်းဖက်သောင်းကျန်းသူတွေ ခိုအောင်းပြီးတော့စစ်တွေမြို့ထဲကို Drone တွေနဲ့ Drop Bomb လာချတာတွေ၊ အဝေးကနေလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကို ယခင်ထဲကတိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဗျိုင်းဖြူကျေးရွာ၊ ခုနကပြောတဲ့ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်မှာ AA အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိနေတယ်ဆိုတဲ့ဒေသခံတွေရဲ့ မြေပြင်သတင်းပေးချက်အရ တပ်မတော်အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ဗျိုင်ဖြူကျေးရွာမှာ ဝင်ရောက်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်။ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့နေရာမှာ ရွာထဲဝင်သွားတုန်းကတော့ အေးအေးဆေးဆေးပါပဲ၊ ရွာထဲမှာ ရောက်တဲ့အခါမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို ခေါ်ယူမေးမြန်းနေတယ်၊ ခေါ်ယူမေးမြန်းနေတဲ့ အချိန်မှာပဲ ဗျိုင်းဖြူရွာသား မဟုတ်တဲ့ရွာသားသုံးဦးပေါ့၊ ဗျိုင်းဖြူရွာသားမဟုတ်တာတော့ သေချာတယ်၊ အဲဒီလူသုံးယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့သေနတ်ကို လုယူပြီးရန်ပြုဖို့ကြိုးစားတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ ခုနကသေနတ်လုယူတဲ့ အမျိုးသားသုံးဦးသေဆုံးခဲ့တာရှိတယ်။ အဲဒီအထဲမှာ မသင်္ကာတဲ့သူလူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းပြီးတော့မှ စစ်ဆေးလျက်ရှိတယ်။ အဲဒီအထဲမှာ ပါတဲ့ AA ရဲ့ ယုတ်မာကောက်ကျစ်ပြီး ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက် သေဆုံးတယ်တို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုးဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။


AA အနေနဲ့ ဒါတွေဘာလို့လုပ်သလဲဆိုတော့ AA အနေနဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဘင်္ဂါလီတွေကို သတ်ဖြတ်ခဲ့တယ်။ ဘင်္ဂါလီတွေရဲ့အိမ်တွေကို မီးရှို့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ကမ္ဘာ့အဖွဲ့အစည်းအချို့က၊ နိုင်ငံတကာအဖွဲ့အစည်းအချို့ကသူတို့ကို ဖိအားပေးတဲ့အချိန်မှာ မဟုတ်မမှန် လုပ်ကြံစွပ်စွဲခြင်းသာ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့မှာဆိုရင် မေလ ၁၇ ရက်နေ့၊ ၁၈ ရက်နေ့ အဆိုးဆုံးပါပဲ။ မေလ ၁၇ ရက်နေ့ည ၉ နာရီခွဲလောက်ကဆိုရင် AA အနေနဲ့ ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်လာတဲ့ အကြောင်းသတင်းရတယ်။ ပြီးရင် ဘင်္ဂါလီတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့ပြီးဘင်္ဂါလီအားလုံးကို ထွက်သွားဖို့ဆိုပြီး နှင်ထုတ်ခဲ့တာမျိုး ရှိပါတယ်။ ဒါ့အပြင် ဘူးသီးတောင်နားလေးမှာရှိတဲ့ကျေးရွာတွေ အိုးသည်ရွာတို့၊ ပြီးရင်ဘူးသီးတောင်အရှေ့ဘက်မှာရှိတဲ့ရွာတို့ အားလုံးကို ဘင်္ဂါလီတွေရဲ့ရွာများကို မီးရှို့ခဲ့တာဖြစ်တယ်။ ဒါ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။ အထောက်အထားခိုင်လုံစွာနဲ့ ရရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဖုံးကွယ်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်။


ဒါကို ကျွန်တော်ယခင်တစ်ခါလည်းပြောခဲ့ပြီးပါပြီ၊ AA အနေနဲ့က တစ်ဖက်သတ်အစွန်းရောက် လူမျိုးရေးခွဲခြားမှု၊ တစ်ဖက်သတ်အစွန်းရောက် လူမျိုးရေးလှုံ့ဆော်မှုတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ တည့်တည့်ပြောရရင် ဒီ AA အဖွဲ့အစည်းဟာ ဗမာမုန်းတီးရေး၊ ဘင်္ဂါလီမုန်းတီးရေး၊ ဒါ့အပြင်အဲဒီမှာရှိနေတဲ့ လူမျိုးစုငယ်တွေဖြစ်တဲ့ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်စတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တွေကိုပါ မုန်းတီးရေးလုပ်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ယခင်ကလည်း ကျွန်တော်တို့ AA ကနေပြီး AA တပ်ဖွဲ့ဝင်တွေ၊ AA ကိုထောက်ပံ့နေတဲ့အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေ၊ ဖြန့်ဖြူးမှုတွေအကြောင်း ပြောခဲ့ပြီးပါပြီ။ အခုအနီးဆုံးအနေနဲ့ မတ်လ ၂၁ ရက်နေ့ မှာဆိုရင် AA ရဲ့ ထောက်ပံ့ရေးတာဝန်ခံတရားခံပြေး သန့်ဇင်ဦးက ဘူးသီးတောင်မြို့မှာနေတဲ့ AA သောင်းကျန်းသူအဖွဲ့ရဲ့ထောက်ပံ့ရေးတာဝန်ခံတရားခံပြေးမေယုထွန်းနဲ့ ချိတ်ဆက်ပြီးတော့ မူးယစ်ဆေးဝါးတွေ ရန်ကုန်ကနေတစ်ဆင့်စစ်တွေ၊ ဘူးသီးတောင်ကို ပို့ဆောင်ဖို့လုပ်ဆောင်နေတဲ့အကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့ သတိပေးချက်အရရန်ကုန် တာမွေမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်။ တရားခံထွန်းသိန်းအောင်နဲ့ သူ့ရဲ့ဇနီးနှစ်ယောက်ဖမ်းမိပါတယ်။ သူတို့ရဲ့ထွက်ဆိုချက်အရ ကျွန်တော်တို့ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဆိပ်ကမ်းမှာရှိတဲ့ အမှတ်(၂)တံတားမှာ ဆိုက်ကပ်ထားတဲ့ ရန်ကုန်- စစ်တွေပြေးဆွဲနေတဲ့ အမ်ဗွီ- စိန်ပြည့်မင်းကုန်တင်သင်္ဘောကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ စက္ကူဖာတွေအတွင်းက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းနဲ့ကာလတန်ဖိုးငွေ တစ်ဘီလီယံကျပ်ခန့် ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်။ သူတို့ကိုကျွန်တော်တို့ ဖမ်းဆီးတဲ့နေရာမှာ စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်မှာရှိတဲ့ တရားခံပြေးသန့်ဇင်ဦးကနေ ရန်ကုန်ကနေစစ်တွေကို ပို့ပေးရင်ငွေပေးမယ်ဆိုပြီး သဘောတူလက်ခံခဲ့တာ ဖြစ်တယ်။ ပြီးရင်ဒီ အမ်ဗွီ-စိန်ပြည့်မင်းသင်္ဘောပေါ်မှာ တင်ခဲ့တာဖြစ်တယ်။


၂၀၁၆ ခုနှစ်ကနေ ဒီမတ်လအတွင်း AA သောင်းကျန်းသူအဖွဲ့နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့တယ်။ မူးယစ်ဆေးဝါးကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလီယံ ကျပ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မေလ ၂၉ ရက်နေ့မှာလည်း AA အကြမ်းဖက်အဖွဲ့ကို ပို့မယ့်ရန်ကုန်ကနေပြည်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးပေါ့။ အဲဒီမှာထွန်းထွန်းဝင်း၊ တေဇ သူတို့ သယ်ဆောင်လာတဲ့ အုတ်ခဲတွေနဲ့ရောသယ်ဆောင်လာတဲ့ ကားတစ်စီးကို စစ်ဆေးခဲ့တယ်။ အဲဒီမှာ WY စာတန်းပါ မူးယစ်ဆေးဝါး အုတ်ခဲပုံ အထုပ် ၂၀ စီပါတဲ့ အိတ် ၁၀ အိတ်၊ အုတ်ခဲပုံအထုပ်၁၀ ခုစီပါတဲ့ အိတ်ကိုးအိတ် WY စာတန်းပါ ဆေးပြားစုစုပေါင်း ၂၉ သိန်း၊ ကာလတန်ဖိုးငွေကျပ် သိန်းနှစ်သောင်းလောက် ဖမ်းဆီးရမိခဲ့ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ခုနကပြောသလို လူမျိုးရေးအစွန်းရောက် လှုံ့ဆော်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကို ရခိုင်ပြည်နယ်အတွင်းမှာ လုပ်ဆောင်နေတဲ့အပြင်၊ ရခိုင်ပြည်နယ်အတွင်းမှာ တစ်မျိုးသားလုံးလူညွန့်တုံးစေဖို့ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ၊ ဖြန့်ဖြူးတာတွေ ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။


တိုင်းရင်းသား မိဘညီအစ်ကိုမောင်နှမများ၊ ပြည်သူများအနေနဲ့သူတို့ရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ ရခိုင်တစ်မျိုးသားလုံးကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒီအကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို သတိရှိဖို့လိုပါတယ်။ ဒီဟာတွေကိုဆောင်ရွက်နေခြင်းဟာ ရခိုင်ပြည်နယ် ရခိုင်ပြည်သူလူထု ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အကျိုးယုတ်စေမယ့် လုပ်ငန်းတွေပဲဖြစ်လို့ အားလုံးကဝိုင်းဝန်းဆန့်ကျင်ကြဖို့ သတိပေးပြောကြားလိုပါတယ်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)