ခေါကြီးမင်းကိုနိုင် (သို့) ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ လူယုတ်မာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေါကြီးမင်းကိုနိုင် (သို့) ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ လူယုတ်မာ






ပြည်ပြေး ဝရမ်းပြေးအတွက် ခေါကြီးမင်းကိုနိုင် က မဖြစ်မနေလိုအပ်တယ်။ လှုံ့ဆော်တဲ့နေရာမှာ ခေါကြီးမင်းကိုနိုင် ကို လိုက်မီသူ မရှိသေးဘူး။ ၂၀၂၁ အစောပိုင်းမှာလည်း ဆူပူဆန္ဒပြမှုတွေ ဖြစ်ဖို့ လှုံ့ဆော်ပေးခဲ့တာ NLD ဦးဆောင်သူတွေမှ မဟုတ်ဘဲ။ ခေါကြီးရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေ နောက်ကို သံယောင်လိုက်ကြတဲ့ လှုံ့ဆော်သူတွေပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် ခေါကြီးမင်းကိုနိုင် ဟာ တိုင်းဖျက် ပြည်ဖျက် ဆူပူအကြမ်းဖက်လှုံ့ဆော်ဖို့သက်သက် မွေးဖွားလာသူလို့ ဆိုရင်လည်း မမှားပါဘူး။

အခုဆိုရင် ခေါကြီးမင်းကိုနိုင် ဟာ တိုင်းဖျက် ပြည်ဖျက်ရုံမျှနဲ့ အားမရလို့ ဗုဒ္ဓသာသနာကို ဖျက်ဆီးဖို့ လှုံ့ဆော်ရာမှာ ဦးဆောင်နေရပြန်ပြီ ဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်မီဒီယာတစ်ခုမှာ ခေါကြီးမင်းကိုနိုင်က "သံဃာတော်တွေရဲ့ ကံဆောင်သပိတ်ကို ပြည်သူတွေ တတ်နိုင်သမျှ ဝန်းရံကြဖို့ ဦးမင်းကိုနိုင် ပြော" လို့ ခေါင်းစဉ်တပ်ပြီး ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော်ကြီးကို အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်ခဲ့ပြီး တောင်းပန်စာပေးပို့ခဲ့တဲ့အပေါ် ဒီကိစ္စကို ဘာသာရေး ကိစ္စဘဲလို့ လွယ်လွယ်ချုံ့ပစ်လိုက်လို့ မရဘဲ သံဃာတော်တွေရဲ့ ကံဆောင်သပိတ်ကို ပြည်သူတွေ တတ်နိုင်သမျှ ဝန်းရံကြဖို့လိုကြောင်း PVTV ရဲ့ ဇွန် ၂၅ ရက် ဆက်သွယ်မေးမြန်းချက်မှာ ဦးမင်းကိုနိုင်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

"ဒါ သံဃာထုရဲ့ အခွင့်အရေးဘဲလေ၊ ကံဆောင်တယ်ဆိုတာ ဘုရားလက်ထက်တော် ကတည်းက လုပ်ခဲ့တာ၊ အခုလို လူငှားလွှတ်ပြီး အပြစ်ဖို့တယ်၊ ဝမ်းနည်းတယ်လောက်နဲ့ မလုံလောက်ဘူးလို့ သံဃာထုက သိတယ်၊ သံဃာတပါးရဲ့ သစ္စာစကားကို ပယ်ချပြီး ကမ္ဘာသိ ဗြောင်လိမ် ကြေညာခဲ့တာ သံဃာထုက ဘယ်လိုယုံမလဲ၊ အဲဒါကြောင့် ဒီလိုပစ်မှုကြီးတွေ ကျူးလွန်တဲ့ သင်တို့ ကပ်တဲ့ဆွမ်းကို ငါတို့မစားဘူး၊ သင်တို့နဲ့မဆက်ဆံဘူးလို့ ကြေညာမယ်ဆိုရင် အဲဒီ သံဃာထုကို အကြမ်းမဖက်ပါဘူး မဖြိုခွင်းပါဘူးတို့ အာမခံမလား၊ ဒါသံဃာရဲ့ အခွင့်အရေးပါတို့၊ လုပ်ခွင့်ရှိပါတယ်လို့ ကြေညာမလား၊ ဒီမေးခွန်းတွေရှိတယ်၊ အခုလို ဆက်တိုက် အမှုတွေကျူးလွန်နေတာ မတရားမှုတွေ ပြုနေတာကို မကျေနပ်တဲ့ ပြည်သူတွေလည်း ရှိတယ်၊ ဒီကိစ္စကို ဘာသာရေး ကိစ္စပဲလို့ လွယ်လွယ်ချုံ့ပစ်လိုက်လို့ မရဘူးဗျ" လို့ ခေါကြီးမင်းကိုနိုင်က ပြောပါသတဲ့။ ဆက်လက်ပြီး ခေါကြီးမင်းကိုနိုင်က "နိုင်ငံမှာရှိတဲ့ လူတွေအားလုံးနဲ့ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်ပြီး သံဃာတွေက လုပ်စရာရှိတာကို ဆက်လုပ်မှာဖြစ်သလို သူတို့မှာ ဝတ္တရားရှိတယ်လို့ ယုံကြည်တဲ့အတိုင်း ပြုမူကြမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေကလည်း တတ်နိုင်သမျှ ဝန်းရံ၊ ကာကွယ်ကြဖို့ လိုအပ်တယ်" လို့ ဆိုပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူရတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ပြီး နောက်ပိုင်းမှာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ ဘက်တော်သား သံဃာတော်တချို့ စတင်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်ဖို့ လှုံ့ဆော်လာကတည်းက စာရေးသူအနေနဲ့ ရဟန်းရှင်လူ ပြည်သူများ သတိပြုနိုင်စေဖို့ အစဉ်သဖြင့် တင်ပြခဲ့ပါတယ်။ အဲဒါကတော့ -

၂၀၂၄ခုနှစ်၊ ဇွန်လ (၁၉) ရက်ကနေ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး လိုက်ပါစီနင်းလာတဲ့ကားကို  လုံခြုံရေးအဖွဲ့တွေက မှားယွင်းပစ်ခတ်မိလို့ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တောင်းပန်လျှောက်ထားလွှာပို့ပြီး ပြည်ထောင်စုဝန်ကြီးက ဖတ်ကြားတောင်းပန်ခဲ့ပါတယ်။ အခုချိန်မှာ နိုင်ငံရေးကိုအကြောင်းပြပြီး NUG ရဲ့ လက်ပါးစေတွေဖြစ်တဲ့ PDF တွေ သတ်ဖြတ်ခဲ့လို့ သံဃာတော် ၉၂ ပါး၊ သီလရှင် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး၊ သံဃာ ၂၇ ပါး၊ သီလရှင် ၁ ပါး ဒဏ်ရာရရှိခဲ့တဲ့အပြင် အကြမ်းဖက် PDF တွေဖမ်းဆီးလို့ ပျောက်ဆုံးနေတဲ့ သံဃာ ၄၂ ပါးထိ ရှိပြီဖြစ်ပါတယ်။ 

PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ပျံလွန်တော်မူခဲ့တဲ့ သံဃာတွေ၊ သီလရှင်တွေအတွက် ဘယ်သူမှတောင်းပန်တာမရှိဘူး။ ၉၂ ပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တုန်းက ဘာအသံမှမထွက်ဘဲ အခုမှအသံကောင်းဟစ်နေတဲ့သူတွေ ပြောကြစမ်းပါအုံး။ PDF အကြမ်းဖက်သမားတွေရဲ့ ကိုယ်စား ဘယ်သူတောင်းပန်သလဲ။ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များက တောင်းပန်ခဲ့တာ မြင်ဖူးပါသလား။ အခု သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇကံဆောင်ဖို့ လှုံ့ဆော်နေတဲ့ ခေါကြီးမင်းကိုနိုင် အနေနဲ့ PDF အကြမ်းဖက်သမားများသတ်လို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်များအတွက် တောင်းပန်ခဲ့ဖူးတာ ရှိပါသလား။

ဝင်းနိမ္မိတာရုံးကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ ဖြစ်ဉ် ဖြစ်ပေါ်ပြီး နောက်ပိုင်းမှာ ပြည်ဖျက်မိစ္ဆာတွေက သံဃာထုရဲ့ ဥသျှောင် သီတဂူဆရာတော်ကြီးကိုပါ ပစ်မှတ်ထား စော်ကားပြီး ဆန္ဒပြဖို့၊ သပိတ်မှောက်ဖို့ အသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာတာ ရိုးသားတဲ့ ရပ်တည်ချက်လား။ လုပ်ကြံဖန်တီးလှုံ့ဆော်နေမှုတွေလား လှုံ့ဆော်သူတွေ ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ။ ဆိုရပါရင် PDF အကြမ်းဖက်သမားများက သံဃာတော်များကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်များမှာ အခု ဆန္ဒပြ၊ သပိတ်မှောက်ဖို့ လှုံ့ဆော်နေတဲ့ သံဃာတွေ၊ နိုင်ငံရေးလုပ်စားသူတွေက အလိုတူ အလိုပါ လုပ်ခဲ့ကြလို့ ရေငုံနှုတ်ပိတ် နေခဲ့ကြခြင်းဖြစ်ပါတယ်။

PDF အကြမ်းဖက်သမားများသတ်ဖြတ်ခဲ့၍ ပျံလွန်တော်မူခဲ့သည့် သံဃာတော်များစာရင်း (၄)နှစ်တာ ကာလ ဖြစ်စဉ်ဖြစ်ရပ် မှတ်တမ်းများနဲ့တကွ ရှိနေပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အပါအဝင် သူတို့ကို အကြမ်းဖက်သင်တန်းပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ် မှာ - ၁၉ ပါး၊ ၂၀၂၂ ခုနှစ်မှာ - ၄၄ ပါး၊ ၂၀၂၃ ခုနှစ်မှာ - ၂၁ ပါး၊ ၂၀၂၄ ခုနှစ်မှာ - ၉ ပါး၊ စုစုပေါင်း - ၉၃ ပါး ပျံလွန်တော်မူခဲ့ရပြီး PDF အကြမ်းဖက်အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွား၍ ပျောက်ဆုံးနေသည့် သံဃာတော်များစာရင်းမှာ -

၂၀၂၁ ခုနှစ် မှာ - ၂ ပါး၊ ၂၀၂၂ ခုနှစ်မှာ - ၁၈ ပါး၊ ၂၀၂၃ ခုနှစ်မှာ - ၂၂ ပါး၊ ၂၀၂၄ ခုနှစ်မှာ - ၃ ပါး၊ စုစုပေါင်း - ၄၅ ပါး ဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့များ သတ်ဖြတ်ခဲ့၍ သေဆုံးခဲ့သည့် သီလရှင်များစာရင်း ၂၀၂၂ ခုနှစ်မှာ - ၁ ပါး (သီလရှင် ဒဏ်ရာရ -၁ ပါး)၊ သေဆုံးပျောက်ဆုံးဒဏ်ရာရ စုစုပေါင်း (၁၄၀) ပါး ရှိပါတယ်။

အကြမ်းဖက်လှုပ်ရှားမှုကို အစဉ်သဖြင့် ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ခေါကြီးမင်းကိုနိုင် ကိုတော့ အသိပေးချင်ပါတယ်။ ခေါကြီးရေ မင်းရဲ့ ဦးဆောင်လှုံ့ဆော်မှုနဲ့ နီပိန်း ပဒက်တွေက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၈၆၀၀ ကျော် သတ်ဖြတ်ခဲ့ကြပြီးပြီ။ အဲဒီအထဲမှာ သံဃာတော်တွေလည်း ပါတယ်။ မင်းတို့ကိုယ်တိုင် သံဃာတော်တွေကို သတ်ဖြတ်ခဲ့စဉ်တုန်းက ရေငုံနှုတ်ပိတ် နေခဲ့ကြပြီး တပ်မတော်သားတွေရဲ့ အမှားအယွင်းတစ်ခုအပေါ်မှာ အခွင့်ကောင်းယူပြီး မင်းတို့တွေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လှုပ်ရှားမှုကြီးကို အသက်သွင်းတယ်။ လိပ်ပြာလုံပါစေ၊ ပြောဆိုလုပ်ကိုင်ဆောင်ရွက်သမျှ သစ္စာတည်ပါစေ။

မင်းတို့ရဲ့ ပြောဆိုလုပ်ဆောင်သမျှ ကိစ္စတိုင်း သစ္စာတည်ပါလျှင် မင်းတို့အောင်မြင်ပါစေ။ မင်းတို့ရဲ့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် တိုင်းပြည်ကို အုပ်စိုးနိုင်ပါစေ။ မင်းတို့ ပြောဆိုလုပ်ကိုင်သမျှ မုသားစကားများ ဖြစ်ခဲ့လျှင် မင်းတို့ရဲ့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အနားမကြား အကျိုးအကန်းများ ဖြစ်ပါစေ။ မင်းတို့ ပြောဆိုလုပ်ကိုင်သမျှ မုသားဖြစ်ခဲ့သော် ဘဝတိုတိုနဲ့ ငရဲလမ်းကို လျှောက်လှမ်းနိုင်ပါစေ။ မြန်မာပြည်သူများ ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းဝေးပါစေ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)