မြဝတီ၊ ဇွန် ၁
ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန် (၃) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ စုပေါင်း၍ အမှတ် (၄) ရပ်ကွက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (တောရ) ၌ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းခန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးတို့က ဦးဆောင်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများက ကျောင်းခန်းအတွင်း စာသင်ခုံများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းခန်းအတွင်း ခြင်ခိုအောင်းနိုင်သည့်နေရာများ ရှင်းလင်းပေးခြင်း၊ သစ်ပင်သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များလှဲပေးခြင်း၊ သောက်သုံးရေကန်များ သန့်ရှင်းစေရေးတို့ကို ဆောင်ရွက်ပေးပြီး ထွက်ရှိသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သယ်ယာဉ်ဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment