Nalanda University ၏ Campus အသစ်ဖွင့်ပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

Nalanda University ၏ Campus အသစ်ဖွင့်ပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်




နယူးဒေလီ၊ ဇွန် ၂၀

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ Nalanda University ၏ Campus အသစ်ဖွင့်ပွဲကို ၁၉-၆-၂၀၂၄ ရက်တွင် ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရင်ဒြာ မိုဒီမှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယအစိုးရ၏ ဖိတ်ကြားမှုဖြင့် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ ပါဝင်တက်ရောက်ခဲ့သည်။ 

အခမ်းအနားသို့ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ ဘီဟာမြို့တော်ဝန်၊ ဘီဟာပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားအပြီးတွင် ပြည်ပရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် တက်ရောက်လာကြသည့် သံအမတ်ကြီးများက နလန်ဒါတက္ကသိုလ်ဟောင်းနှင့်  မဟာဗောဓိဘုရားကျောင်းတို့သို့ သွားရောက်ခဲ့သည်။ 

နလန်ဒါတက္ကသိုလ်တွင် အဆင့်မြင့်ပညာရေးနှင့် သုတေသနလုပ်ငန်းများကို ဦးစားပေး၍ ဗုဒ္ဓဘာသာ၊ ဒဿနိကဗေဒ၊ ဘာသာစကား၊ စာပေ၊ ဂေဟဗေဒ၊  သဘာဝပတ်ဝန်းကျင်၊ နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများကို အဓိက ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)