အာဆီယံအမျိုးသမီးများအဖွဲ့၏ အလှည့်ကျ Tea Gathering တွေ့ဆုံမှုကို မြန်မာသံရုံး၊ ပေကျင်းမြို့၌ လက်ခံကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံအမျိုးသမီးများအဖွဲ့၏ အလှည့်ကျ Tea Gathering တွေ့ဆုံမှုကို မြန်မာသံရုံး၊ ပေကျင်းမြို့၌ လက်ခံကျင်းပ




ပေကျင်း၊ ဇွန် ၂၀

ပေကျင်းမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၏ ဇနီးများ ဦးဆောင်ပြီး အာဆီယံသံရုံး အမျိုးသမီးများမှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အာဆီယံအမျိုးသမီးအဖွဲ့ (ASEAN Ladies Circle-Beijing) ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် Tea Gathering လှုပ်ရှားမှုကို ၁၉-၆-၂၀၂၄ ရက်နေ့၌ မြန်မာသံရုံး၊ ပေကျင်းမြို့တွင် လက်ခံကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီး၏ဇနီးဖြစ်သူ ဒေါ်မိမိမော်က နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် ကျောင်းသူများက တိုင်းရင်းသား လူမျိုးများအလိုက် ရိုးရာယဉ်ကျေးမှု ဝတ်စုံများကို ဝတ်ဆင်ပြသ၍ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)