PDFနဲ့ NUGကို ပတ္တနိက္ကုဇ္ဇနကံဆောင်ကြဖို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) ၏ ဥက္ကဋ္ဌ မိန့်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

PDFနဲ့ NUGကို ပတ္တနိက္ကုဇ္ဇနကံဆောင်ကြဖို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) ၏ ဥက္ကဋ္ဌ မိန့်ကြား


မန္တလေး၊ ဇွန် ၂၇

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူရခြင်းကို အကြောင်းပြုပြီး ပြည်ပြေး ဝရမ်းပြေးများက ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် လှုံ့ဆော်နေမှုနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) ၏ ဥက္ကဋ္ဌ အရှင်ဣန္ဒဝီရ (လှည်းကူး) က PDFနဲ့ NUGကို ပတ္တနိက္ကုဇ္ဇနကံဆောင်ကြဖို့ မိန့်ကြားထားသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) ၏ ဥက္ကဋ္ဌ အရှင်ဣန္ဒဝီရ (လှည်းကူး) က " ဖြစ်ပေါ်နေသော ပတ္တနိက္ကုဇ္ဇနကံနှင့်ပက်သက်၍ - ရဟန္တာ အရှင်ဒဗ္ဗအား မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း အရင်း(အခြေအမြစ်)မရှိပဲ သီလပျက်စီးခြင်းဖြင့် စွပ်စွဲ သော ဝဎ်ဍမည်သော လိစ္ဆဝီအား ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း၊ပေါင်းသင်းဆက်ဆံမှု မပြုခြင်း)ကို ဘုရား ရှင်က ခွင့်ပြုတော်မူခဲ့ပါတယ်။ ယနေ့အချိန်ခါမှာလည်း ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို အကြောင်းပြုပြီး ပတ္တနိက္ကုဇ္ဇနကံကိစ္စတွေ ကျယ် ကျယ် ပြန့်ပြန့် ကြားလာရတယ်။ ဝင်းနိမ္မိတာရုံဆရာတော်ကိစ္စကို နည်းနည်းလောက် ပြန်သုံးသပ်ကြည့် ရအောင်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ကံသုံးဆင့်ဆရာတော်တို့ စီးလာတဲ့ကား ပစ်ခံရခြင်းမှာ -

၁- ကားဒရိုင်ဘာက မဆင်မခြင်မောင်းခြင်း၊

၂- အဆိုပါနယ်မြေသည် စစ်ဆင်ရေးနယ်မြေဖြစ်ခြင်း၊

၃- လုံခြုံရေးတာဝန်ရှိသူများက တားဆီးပါလျက် ကားကို မောင်းပြေးခြင်း၊

၄- ကားမှန်မချပဲ မှန်အလုံပိတ် မောင်းပြေးသွားခြင်းတိုကြောင့် ဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာကို အကြောင်းပြုပြီး စစ်တပ်ကို ပတ္တနိက္ကုဇ္ဇနကံ ပြုလုပ်မယ် ဆိုရင် PDF တွေကြောင့် ပျံလွန်တော်မူသွားတဲ့ သံဃာအပါး ၁၀၀နီးပါးအတွက်ကော ဘယ်သူ့ကို ပတ္တနိက္ကုဇ္ဇနကံ ပြုလုပ်သင့်ပါသလဲ။ ဝင်းနိမ္မိတာရုံဆရာတော်မှ သံဃာဖြစ်ပြီး၊ PDF တွေသတ်လို ပျံလွန်တော်မူသွားကြတဲ့ အခြားသံဃာ ၁၀၀နီးပါးကကော သံဃာမဖြစ်တော့ဘူးလား။ အဲဒီသံဃာတွေက ဝင်းနိမ္မိတာရုံဆရာတော်နဲ့ယှဉ်ရင် မျက်နှာမွဲတွေ ဖြစ်နေလိုလား။" ဟု မိန့်ကြားသည်။

ဆရာတော်က "နိဂုံးချုပ်ပြောရရင် ပတ္တနိက္ကုဇ္ဇနကံဆောင်ကြမယ်ဆိုရင် PDFနဲ့ NUGကိုလည်း ဆောင်ကြပါ။ ဘက်မလိုက် ကြပါ နဲ့။ PDFတွေသတ်လို ပျံလွန်တော်မူသွားတဲ့ သံဃာတွေကိုလည်း အားနာကြပါ" ဟု မိန့်ကြားထားခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)