ရေကြည်မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း(၃၆)ကျောင်း ယာယီပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြည်မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း(၃၆)ကျောင်း ယာယီပိတ်ထား


ရေကြည်၊ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်၍မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ဇူလိုင်လ ၂၂ နေ့နံနက်ပိုင်းမှစတင်ကာ ယနေ့အထိ စာသင်ကျောင်း (၃၆)ကျောင်း ခေတ္တယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရာတွင်အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိခြင်းတို့ကြောင့် ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၈)ကျောင်းနှင့် မူလတန်းကျောင်း(၂၆) ကျောင်း၊ စုစုပေါင်း(၃၆)ကျောင်း ပိတ်ထားရသည်။ ထိုသို့ပိတ်ထားရသည့် ကျောင်းပိတ်ရက်များအား အပတ်စဉ်တနင်္ဂနွေနေ့များတွင် ပြန်လည်အစားထိုးသင်ကြားသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မေသန့်ဇင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)