ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ကျဆင်းလာသဖြင့် ရေဘေးသင့်ပြည်သူတချို့ မိမိနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ကျဆင်းလာသဖြင့် ရေဘေးသင့်ပြည်သူတချို့ မိမိနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့




ပခုက္ကူ၊ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက်သို့ကျဆင်းလာသဖြင့် ရေဘေးသင့်ပြည်သူတချို့ မိမိနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ကြကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အတူ ပခုက္ကူမြို့နယ်အတွင်းရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်ခဲ့မှုကြောင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများကို မြို့ပေါ်ရပ်ကွက်များ၌(၁၉)ခုနှင့် ကျေးရွာများ၌(၁၈)ခု စုစုပေါင်း(၃၇)ခု ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လိုအပ်သည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရေဘေးရှောင်ပြည်သူဦးရေ ၁၂၂၆၉ ဦးအထိ ယာယီကူညီပြောင်းရွှေ့နေထိုင်ခဲ့ကြကြောင်း၊ ယခုအခါဧရာဝတီမြစ်ရေမှာ ပခုက္ကူမြို့၏ စိုးရိမ်းရေမှတ်အောက်ကျဆင်းလာမှုကြောင့် ရေဘေးရှောင်ပြည်သူ ၄၂၈၀ ဦးကျော်မှာ မိမိနေအိမ်များထံ ပြန်လည်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း၊ လက်ရှိမြို့နယ်အတွင်း ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ရေဘေးသင့်ပြည်သူ ၇၉၈၉ ဦး ကျန်ရှိနေသေးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြောသည်။

ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၁၃၄ စင်တီမီတာရှိပြီး ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအောက် ၁၆ စင်တီမီတာခန့် ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)