ငါးသိုင်းချောင်းမြို့တွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းသရုပ်ပြဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့တွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းသရုပ်ပြဆောင်ရွက်




ငါးသိုင်းချောင်း၊ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက် ကမ်းနားဆိပ်တွင် ရေလမ်းဖြင့်သွားလာနေသော ခရီးသွားပြည်သူများနှင့် ကျောင်းသားကျောင်းသူများကို ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူညီပေးနိုင်စေရန်အတွက် ကွင်းဆင်းသရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇း၀၀)နာရီ အချိန်ကစတင်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှဦးစီး၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်ခဲ့သည်။

ထို့နောက်မြို့ နယ်မြေမီးသတ်လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်မှ ခရီးသွားပြည်သူများနှင့်ကျောင်းသား၊ကျောင်းသူများအား အသက်ကယ်ဝတ်စုံများကိုဝတ်ဆင်ပုံနှင့် ရေဘေးအန္တရာယ်ဖြစ်ပေါ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရန်ရှင်းလင်းပြောကြားကာ တခြားသူများကိုလည်းကူညီပေးနိုင်စေရန်ကွင်းဆင်းသရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသောရေးဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်မည့် ရပ်ရွာနေရာများကိုလည်း ဆက်လက်၍ လိုက်လံသတိပေးပြောကြားကာ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)