ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ဝဥပေါ်ချိန်တွင် စျေးကောင်းရရန်မျှော်လင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ဝဥပေါ်ချိန်တွင် စျေးကောင်းရရန်မျှော်လင့်

 




ပိုင်ကျုံ  ၊ ဇူလိုင် ၂၁


ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့သည် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသတွင်းစိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင်  တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။


ပိုင်ကျုံမြို့တွင် ဝဥပင်များကို သဘာဝပေါက်သည့် အပင်မျိုးဖြစ်ပြီး ယခုအခါ သဘာဝ ဝဥပင်များ ရှားပါးလာသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန် အိမ်ခြံမြေဝင်းအတွင်း၌ သော်လည်းကောင်း၊ ဥယျာဉ်ခြံမြေများတွင် သီးညှပ်စိုက်ပျိုးခြင်း၌‌သော်လည်းကောင်း၊ သီးသန့်စိုက်ပျိုးမြေများ၌သော်လည်းကောင်း ပြန်လည်စိုက်ပျိုးကြရသည်။ စိုက်ပျိုးချိန်ကာလ(၁)နှစ်မှ (၃)နှစ်အထိ စိုက်ပျိုးရပြီး နှစ်ကာလကြာရှည်လေ ဝဥအထွက်နှုန်းကောင်းမွန်လေဖြစ်သဖြင့် မြေဆီမြေသြဇာကောင်းမွန်သည့် မည်သည့်နေရာ ဒေသတွင်းမဆို စိုက်ပျိုးနိုင်သည်။ ဝဥစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးမြေ တစ်ဧကလျှင် အပင်ရေပေါင်း ၂ သောင်းအထိ စိုက်ပျိုးကြသည်။ စိုက်ပျိုးနည်းစနစ်အားဖြင့် ၂ ပေ ၁ ပေအကွာအဝေးစနစ်ဖြင့် အပင်အား အတန်းလိုက် စိုက်ပျိုးနိုင်ပြီး ထွက်ရှိနှုန်းမှာလည်း အပင်တစ်ပင်လျှင် ဥအမျိုးအစားတစ်လုံး ရရှိကြောင်း ယခင်နှစ်တွင် ဝဥတစ်ပိဿ ၁၀၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ဝဥပေါ်ချိန်၌ ဈေးကောင်းရရှိရန်‌ မျှော်လင့်ကြောင်း  ဝဥစိုက်တောင်သူများထံမှ သိရသည်။


ပိုင်ကျုံမြို့ ဒေသထွက် ဝဥအစိုများကို မိုးနိုင်းကျေးရွာရှိ  ဝဥကုန်သည်များထံ ရောင်းချပေးလျက်ရှိပြီး ဝဥအစိုများကို ခွဲခြမ်းစိတ်ပြီး အခြောက်ပြုလုပ်ကာ ဝဥအခြောက်များကို ပိုင်ကျုံမြို့မှတဆင့် ဘားအံမြို့ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။


နော်ခူး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)