ဖြစ်ရပ်မှန်ကိုပေး၍ ကိုယ့်အတွေးကို ရေးစေချင်ပါသည် (အပိုင်း -၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြစ်ရပ်မှန်ကိုပေး၍ ကိုယ့်အတွေးကို ရေးစေချင်ပါသည် (အပိုင်း -၁)


 ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရခေတ်မှစ၍ စာရေးဆရာတို့ကော မောင်ဌေးလိုစာရေးချင်သူတို့ပါ လွတ်လပ်စွာရေးသားခွင့်ရလာသည်။ လွတ်လပ်စွာပြောဆိုခွင့်က ရှေးဦးရသည်။ ထိုလွတ်လပ်စွာရေးသားခွင့်ရသည့် စဦးကာလ၌ပင် ဘဘဦးဝင်းတင်၊ ဆရာမကြီးဒေါ်ရွှေကူမေနှင်းတို့လို ဖြစ်ရပ်မှန်တင်ပြ၍ ရဲရဲဝံ့ဝံ့ရေးသူမရှိပါ။ သည့်နောက်ခွင့်ရသည်ကို အသုံးချ၍ ရဲဝံ့စွာရေးသူတို့ရှိလာငြား ဖြစ်ရပ်မှန်ကို မမှန်မကန်တင်ပြသူတွေဟိုဘက် သည်ဘက် ၂ဘက်လုံးရှိသည်ကို ယနေ့တိုင်တွေ့မြင်ရပါသည်။ ဤတွင် FB လူမှုကွန်ယက်မှာ တင်ပြကြာသောစာများလည်း ပါဝင်ပါသည်။ လွတ်လပ်စွာရေးခွင့်ဆိုသည်မှာ ကိုယ်ရေးသားထားအကြောင်းရာကိုပြန်လည်ဝေဖန်လိုက ထောက်ပြနိုင်က ပြန်လည်ထောက်ပြဝေဖန်ခြင်းကို ဆိုလိုသည်။ တခါ အစိုးရကိုဝေဖန်ရာ၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးအသိရှိရမည်။ ပုဂ္ဂိုလ်အမည်ဖော်ပြ၍ဖြစ်စေ၊ မဖော်ပြဘဲဖြစ်စေဝေဖန်ရာ၌ ဖြစ်ရပ်မှန်တင်ပြ၍ ကိုယ့်သုံးသပ်ချက်ထည့်နိုင်ပါသည်။ ဤတွင်လည်းနိုင်ငံ လူမျိုးအကျိုးရှိဖို့ ရှေ့ရှုရမည်။၂၀၁၂ မှစ ဂျာနယ်စာစောင်တွေထုတ်ဝေခွင့် ရသလိုရေးသားခွင့်တွေရလာသည်။ ဆိုခဲ့သည့်အတိုင်း ဘဘဦးဝင်းတင်၊ ဒေါ်ရွှေကူမေနှင်း၊ လူထုစိန်ဝင်း စသည့် သုံး၊ လေး၊ ငါးဦးမျှသာအဖြစ်ပျက်မှန် ကိုမပိုမလိုတင်ပြ၍ နိုင်ငံလူမျိုးအကျိုး ရှိသုံးသပ်ချက်တို့တင်ပြသည် ကိုတွေ့ရပါသည်။

၂၀၂၁ မှယနေ့ထိ ယခင်ထွက်ခဲ့သောဂျာနယ်အများစု ရပ်နားသွားသလို အသစ်ထွက်မဂ္ဂဇင်းများလည်း မရှိသလောက်။ ၂၀၂၁ ကိုဗစ်ကပ်ရောဂါ ရောနိုင်ငံရေးအခြေနေကြောင့်ပါ စာအုပ်သစ်များမထွက်နိုင်ချိန် (၂၀၂၂ အောက်တိုဘာက သဲကုန်းဆရာအတတ်သင်မော်ကွန်း)သည် ပထမဆုံးထွက် မဂ္ဂဇင်းဖြစ်ပါလိမ့်မည်။

ထိုမော်ကွန်းစာအုပ်တွင် ကျွန်တော်က တာဝန်ခံအယ်ဒီတာဖြစ်ပြီး အယ်ဒီတာချုပ်မှာ မြို့သစ်ဦးသန်းဦးဖြစ်သည်။ ကျွန်တော့်ကို တာဝန်ခံအယ်ဒီတာပေးသောအခါ ကျွန်တော့်ထက်အရွယ်ကော တာဝန်ယူမှုကြီးသော ဦးသန်းဦးကိုကျွန်တော်က (ဆရာအတတ်သင်မော်ကွန်းတွင်) သဲကုန်းဆရာတော်ဘုရားကြီး= သီတဂူဆရာတော်ဘုရားကြီးရှင် ဉာဏိဿရ ဆောင်းပါး ထည့်ခွင့်ရမှ တာဝန်ခံအယ်တာ လုပ်မည်ဖြစ်ကြောင်း ပြောသောအခါသူက လုပ်ခွင့်ပေးပါသည်။ အမှန်က ထိုအချိန်က ကိုဗစ်ရောဂါကြောင့်ရော နိုင်ငံရေးအခြေနေကြောင့်ပါ လုပ်မည့်သူမရှိ၍ ဦးသန်းဦးက ခိုင်းခြင်းဖြစ်ပါသည်။ ထိုစဉ်က အခြေအနေကိုသိသူတိုင်း ဆရာတော်ဘုရားဆောင်းပါး ပါမည်ကို အယ်ဒီတာအဖွဲ့ထဲကရော ကျွန်တော်နှင့်ရင်းနှီးသူ တဦးနှစ်ဦးကပါမလိုလားပါ။ ၎င်းကိုကြိုမြင်၍ ဦးသန်းဦးကို ကြိုပြောထားခြင်းဖြစ်ရာ စာအုပ်ဖြစ်ပေါ်ကာနီးချိန်တွင်  ဆရာတော်ဆောင်းပါးဖြုတ်ရေးကိစ္စ ဖြစ်လာသေးသည်။ အကြောင်းပြသည်က ဆရာအတတ်သင်မဂ္ဂဇင်းဖြစ်ရာ မသက်ဆိုင်သူမပါဖို့အကြောင်ပြချက်နှင့် ပယ်ဖို့ဖြစ်သည်။ ကျွန်တော်က ထိုပယ်လိုသူတို့စကားပယ်ရှားကာ တာဝန်ခံလုပ်ပိုင်ခွင့်အရ စီစဉ်ထားသည့်အတိုင်းထည့်ပါသည်။ (မော်ကွန်းဖြစ်မြောက်ရေးကော်မတီအစီရင်ခံစာ)ကို ဦးသန်းဦးရေးပါသည်။ အပိုဒ် ၆ ကိုကျွန်တော်ဖြည့်စွက်ထားရာ ဆရာတော်ဘုရားစာစုထည့်ရခြင်း အကြောင်းဖော်ပြထားပါသည်။ တဆိတ်လေ့လာကြည့်ပါဦး။ (ဤသို့ထုတ်ဝေရာတွင် ကျေးဇူးတော်ရှင် ဆရာတော်ရှင်ဉာဏိဿရသည် သဲကုန်းဇာတိဖြစ်သည့်ပြင် ဆရာတော်ဘုရားကြီး၏ 'Religion for Peace and Freedom from Fear' မိန့်မြွက်စကားသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးသမိုင်းကို မော်ကွန်းထိုးနိုင်သောစာ၊ တရားဖြစ်ပါသောကြောင့် ဤမော်ကွန်းစာအုပ်တွင် ထပ်မံတင်ပါကြောင်းနှင့် အတိတ်ကမော်ကွန်းတင်ခံရသော ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးပုဒ်ကိုလည်း ဤမော်ကွန်းစာအုပ်တွင် မော်ကွန်းထပ်မံတင်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်) ဟုရေးခဲ့ရာ ကျွန်တော့အဆို ဟုတ်/မဟုတ် ဆရာတော်ကြီးမိန့်စကားစာတရားကိုလေ့လာကြည့်ပါစို့။

"သီတဂူဆရာတော်မှ  နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် (အမေရိကန်ကော်မရှင်အဖွဲ့) အား 

ပြောင်မြောက် ပြတ်သားသောစကားမိန့် "

သီတဂူဆရာတော်မိန့်သည့်စကား

(Religion for Peace and Freedom from Fear) 

လူကြီးမင်းများခင်ဗျား၊

ကောင်းသောနံနက်ခင်းပါ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။ တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ဝမ်းသာပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့ အချိန်ကစပြီး လူသားတို့သည် ကြောက်စိတ်ကို အခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစုတို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။

ဒါဆိုရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ဝမ်းနည်းစရာကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်လာပါတယ်။

ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။

ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ 

ဟိန္ဒူဘာသာဝင်တို့က ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋိပက္ခမျိုး မရှိခဲ့ပါဘူး။ ဟောပြောရေးသား တုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။

ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတို့ အရှေ့အာရှဘက်ကို ဝင်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ဝင်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။

အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာ တိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ နေထိုင်ခဲ့ကြပါတယ်။ 

ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်ရာဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ဝင်လာကြတာမျိုး မဟုတ်ပါဘူး။ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ဝင်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ဝင်ရောက်ကြတာဖြစ်ပါတယ်။ 

မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။Aggressiveness and extremism ဝါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ 

ဒီကနေ့ အီရတ်မှာ အစ္စလာမ်းမစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ဝင်ခိုင်းနေပါတယ်။ အစ္စလာမ်ဘာသာထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ဝင်ခဲ့ရောက်လို့ သေဒဏ်ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ 

ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြပါတယ်။ 

အနှစ်လေးဆယ်ကြာ ခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့ပါတယ်။ 

ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်ကိုင်တိုက်ခိုက် နေကြပါပြီ။

 မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။

ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါး အုပ်ချုပ်ခဲ့တယ်။ 

အဲဒီအင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရ်ှကနေပြီး စည်းမဲ့ကမ်းမဲ့ ဥပဒေကင်းမဲ့စွာနဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United States ကို ထူထောင်ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။

ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ 

အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ဒါပေမယ့် အံ့သြစရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယားတပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။

အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာပါပဲ။ အဲဒီပြဿနာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာလွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်တစ်ခုရှိသေးတယ်၊၊

ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ဝင်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ 

အဲဒီအစ္စလာမ်မစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။

ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ 

မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။အဲဒီလို သြဇာအာဏာကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ 

အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်းအုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။

ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက်ကာကွယ်သွားမည် ဖြစ်ကြောင်းပြောကြားလို ပါတယ်။


လူကြီးမင်းများခင်ဗျား။


နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့

ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘဝနဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း နှစ်ပေါင်း ခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ 

ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿနာတွေ ပြေလည်မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။

သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿနာများကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြရပါတယ်။ 

ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ဝိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီးပါတယ်။ 

ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ လိုပါတယ်။ 

ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွားစွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ ကြီးကြီးထား၍ ဤဘာသာရေး ပြဿနာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။

အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။

ဤစာစုကောင်းကို ကျေးဇူးရှင်သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရသာ သဲကုန်းဇာတိမဟုတ်လျှင် ထည့်မည်မဟုတ်ပါ။ ကျွန်တော်ထည့်လိုက်၍ ဆရာတော်ကို မလိုလားသူအထက်ကဆိုခဲ့သူများက ငြူစူပါသည်။ အယ်ဒီတာချုပ် ဦးသန်းဦးကအမုန်းခံ၍ ထိုသူတို့နှင့်ပြိုင်မငြင်းခဲ့ပါ။ အကယ်၍ ကျွန်တော်သာ စာမူတည်းဖြတ်သူထဲ မပါခဲ့လျှင် ဆရာတော်၏ သမိုင်းဝင်စာစုကိုသဲကုန်းမော်ကွန်းတွင် ကမ္ပည်းတင်နိုင်မည်မဟုတ်ပါ။ စာအုပ်ထွက်လာ ပြီးနောက်ဆရာတင်ညွန့်=STNက 19-12-2022 မှာ FB ကနေ တဆင့်ဝေဖန်လာပါသည်။

                                                     

(ဆက်လက်ဖော်ပြပါမည်။)                                                 

ကိုဌေး(နတ်မောက်)     

၃.၇.၂၀၂၄ (10:30 a.m)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)