ကျောင်းကုန်းမြို့၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ




ကျောင်းကုန်း ၊  ဇူလိုင်  ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခအုပ်စု၊ ကျုံပျော်ကားလမ်းမဘေး၊ ကွင်းအမှတ် ၃၈၉-D/မိုးမခ၊ ဦးပိုင်အမှတ် ၄၅/၂၊ တောင်သူ ဦးလှ‌ဌေး၏ လယ်မြေ(၃.၁၄)ဧက၌ (C S) မျိုးသန့်စိုက်ခင်း ဆင်းသုခမျိုးစပါးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယ‌နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)