ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက်နဲ့ မိုဘိုင်းဝန်ဆောင်မှုတွေကို ဖြတ်တောက်ထား၊ ဆူပူဆန္ဒပြမှုများအတွင်း ၂၈ဦး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက်နဲ့ မိုဘိုင်းဝန်ဆောင်မှုတွေကို ဖြတ်တောက်ထား၊ ဆူပူဆန္ဒပြမှုများအတွင်း ၂၈ဦး သေဆုံး


အစိုးရ အလုပ်အကိုင်များ ခွဲဝေပေးမှုနှင့် ပတ်သက်ပြီး ပြင်းထန်သော ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ သောကြာနေ့တွင် အင်တာနက်နှင့် မိုဘိုင်းလ် ဝန်ဆောင်မှုများ ဖြတ်တောက်ခံခဲ့ရကြောင်း၊ ဒေသဆိုင်ရာ မီဒီယာများ၏ ဖော်ပြချက်အရ ယခုသီတင်းပတ်အတွင်း လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များက စတင်ပြီး တနင်္လာနေ့တွင် သိသိသာသာ ပြင်းထန်လာခဲ့သည့် ဆန္ဒပြမှုများသည် အဓိက အတိုက်အခံ ပါတီများက သပိတ်မှောက်ခဲ့သည့် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား စတုတ္ထသက်တမ်း ဆက်တိုက် ပြန်လည် အရွေးခံရပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲများ ဖြစ်သည်။

ကျောင်းသားများသည် နိုင်ငံတွင်း၌ “လုံးဝပိတ်ပစ်” ရန် ကြိုးပမ်းမှုကြောင့် ကြာသပတေးနေ့တွင် အကြမ်းဖက်မှုများ တိုးမြင့်လာပြီးနောက် အင်တာနက် ပိတ်ပင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

လူသေဆုံးမှုသတင်းတွေ မြင့်တက်လာပြီး ဆန္ဒပြသူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ရုပ်မြင်သံကြားရုံးချုပ် ပင်မဂိတ်ပေါက်ကို ဖောက်ထွင်းဝင်ရောက်ကာ မော်တော်ကားတွေနဲ့ ဧည့်ခံနေရာကို မီးရှို့ခဲ့တယ်လို့ သတင်းထုတ်လုပ်သူနဲ့ သတင်းထောက်တဦးက အေပီကို ဖုန်းနဲ့ ပြောဆိုခဲ့သည်။

"နံရံကိုခုန်ကျော်ပြီး လွတ်မြောက်ခဲ့ပေမယ့် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်အချို့က အထဲမှာ ပိတ်မိသွားတယ်။ တိုက်ခိုက်သူတွေက အဆောက်အအုံထဲကို ဝင်သွားပြီး ပရိဘောဂတွေကို မီးရှို့ခဲ့တယ်" ဟု ထုတ်လုပ်သူမှ ဖုန်းဖြင့် ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)