၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ


တောင်ကြီး၊ ဇူလိုင် ၁၉

ဒေသအခက်အခဲကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရောက်ရှိနေသော ကယားပြည်နယ်မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျောင်းကြီးစုရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာအလင်္ကာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ (အဖွဲ့ဝင်) ဦးစောဒန်နီယယ်၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဂုဏ်ထူးရကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ (အဖွဲ့ဝင်) ဦးစောဒန်နီယယ်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်များတွင် ထူးချွန်အောင် ဆက်လက်ကြိုးစားပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့(အဖွဲ့ဝင်) ဦးစောဒန်နီယယ်နှင့် တာဝန်ရှိသူများက ခြောက်ဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူသုံးဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူနှစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူလေးဦးတို့ကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကယားပြည်နယ်ပညာရေးမှူးက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုကိုတင်ပြပြီး ခြောက်ဘာသာဂုဏ်ထူးရကျောင်းသူ မဇွန်ဖြူဖြူသော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)