ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံစိုက်ပျိုးပြီးစီး



ကျွန်းလှ ၊  ဩဂုတ် ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံ ၇၂၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


၂၀၂၄ - ၂၀၂၅ ခုနှစ်၊ မိုးသီးနှံမျိုးစုံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် စပါး ၂၉၅၇၁ ဧက၊ ပဲမျိုးစုံ ၁၆၉၅၀ ဧက၊ ဆီထွက်သီးနှံ ၇၃၁၉ ဧက၊ ကြံ ၅၁ ဧက၊ အခြားသီးနှံ ၁၇၃၅၇ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက ဖြစ်ကြောင်း သိရသည်။


“ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း  ချောင်းရေ၊ မြေအောက်ရေတင်ပြီး စိုက်ပျိုးကြပါတယ်။ ဒီနှစ်မိုးရာသီ သီးနှံမျိုးစုံစိုက်ပျိုးဖို့ ၇၆၈၅၈ ဧကလျားထားပြီး လက်ရှိအချိန်ထိ (၇၂၇၉၇) ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


အဆိုပါ မိုးသီးနှံစုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်ရရှိရေးအတွက် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကာကွယ်ခြင်း၊ မလိုအပ်ဘဲ ပိုးသတ်ဆေးမသုံးစွဲရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေး နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)