မအူပင် ၊ ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ (၂) နာရီက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
ရှေ့ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် တစ်ကိုယ်တည်းပြောစကားခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဆရာကြီးဦးစိုးမှ ဘဝဆည်းဆာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဆရာဦးဘိုထွေးမှ ဘဝအောင်မြင်ရေးအတွက် ဒီလေးလုံးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာဦးမောင်မောင်လွင်(ပညာရေး-ငြိမ်း)မှ ဆုရကဗျာများဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်
https://t.me/MyanmarNationalPost
No comments:
Post a Comment