ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသ

 




ကလော  ၊  ဩဂုတ်  ၂၂


ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြဿနာများ လျှော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီး ပြီးစီးမှုမြန်ဆန်သောကြောင့် ရာသီအချိန်မှီစိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှုလျော့နည်းခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများတိုးတက်စေရန်နှင့် တောင်သူများ လက်တွေ့ကျကျ သိရှိနားလည်ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအား တွင်ကျယ်စွာအသုံပြနိုင်ရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၆၅)စက်မှု လယ်ယာစခန်းမှ ကြီးမှုးကျင်းပသည့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာ တောင်သူဦးဇင်မြင့်ဇော်၏ လယ်မြေလေးဧက၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်က  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူးက ဒေသခံတောင်သူများအား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပပေးမှုကြောင့် စက်မှုလယ်ယာဦးစီးဌာနအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တောင်သူများအား ကောက်စိုက်စက်ဖြင့် ပိုမိုစိုက်ပျိုးကြရန် ပြောကြားခဲ့သည်။ ထို့နောက် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများက အောင်ပန်းမြို့ အမှတ်(၆၅) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။


အောင်ပန်းမြို့ အမှတ်(၆၅) စက်မှုလယ်ယာစခန်းအနေဖြင့် စိုက်ပျိုးရေးတောင်သူများ လုပ်ငန်းအဆင်ပြေစေရေးအတွက် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို ဌာနနှုန်းထားဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ လက်တွန်းထွန်စက်များ၊ ထွန်စက်ကြီး၊ စပါးစိုက်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်တို့ကို ဌာနမှ အရစ်ကျစနစ်၊ လက်ငင်းစနစ်များဖြင့် တောင်သူများအား ရောင်းချပေးကြောင်း၊ တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာများအား ပြုပြင်နိုင်ရန် Work Shop များ ဖွင့်လှစ်ထားရှိပြီး လိုအပ်ပါက ကွင်းထဲအရောက်ပြုပြင်ပေးကြောင်း၊ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာသော လယ်ယာသုံးစက်ကိရိယာများအား တောင်သူများ အသုံးပြုတတ်လာစေရန် သရုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)