ပုဗ္ဗသီရိ ၊ ဩဂုတ် ၂၈
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျည်တောင်ကန်အမှတ် (၂) ရပ်ကွက်နှင့် သပြေတန်းအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်တံတား(စက်စက်ယို)တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်နေသည့် ရေတိုက်စားနေရာများအား အလှူရှင်အချို့နှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ပြုပြင်ခြင်းများကို ဩဂုတ်လ (၂၆) ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရေကျော်ရေကြီးခြင်းမှ ပျက်စီးသွားသော လမ်း၊ တံတားများအား ပြုပြင်ခြင်းများ ဝိုင်းဝန်းဆောင်ရွက်ရာတွင် ကျည်တောင်ကန် အမှတ် (၂) ရပ်ကွက်၊ ကျေးရွာချင်းဆက် ရေကျော် ရေကြီးလာခြင်းကြောင့် အနောက်ဘက်ကမ်းပါး (၁၅) ပေ ပျက်စီးသွားနေရာအား ပြန်လည်ပြုပြင်ခြင်း၊ သပြေတန်းအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်တံတား(စက်စက်ယို) တံတားချဉ်းကပ် လမ်းရေတိုက်စားခြင်းများကို ရပ်ကွက်/ကျေးရွာမှ အလှူရှင်အချို့နှင့် ပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ရေလမ်းကြောင်းပြောင်းလဲနိုင်ရေး ပေါင်းစပ်ညှိနှိုင်းခြင်း၊ ရေတားများ ပြုလုပ်ခြင်း၊ ကျောက်စီ၍ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ကြသည်။ အဆိုပါ လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်နေစဉ်ကာလအတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်မဖြစ်စေရေး၊ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်မိစေရန် ခေတ္တပိတ်ထားကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)
https://t.me/MyanmarNationalPost
No comments:
Post a Comment