ရွှေတောင်မြို့နယ်၌ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးနှိုးဆော်ချက် ဆိုင်းဘုတ် စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးနှိုးဆော်ချက် ဆိုင်းဘုတ် စိုက်ထူ

 




ရွှေတောင် ၊ သြဂုတ် -၂၈

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိမ်နီးချင်းနိုင်ငံများတွင်ဖြစ်ပွားလျက်ရှိသော Mpox(မျောက်ကျောက်)ရောဂါအကြောင်း သိရှိနိုင်ရန်  ကာကွယ်ရေးနှိုးဆော်ချက် အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးရုံဝန်းအ‌ရှေ့နှင့် မြို့မစည်ပင်သာယာရေးစျေးရှေ့ လူစည်ကားသည့်နေရာများတွင် စိုက်ထူထားလျက်ရှိသည်။

        အဆိုအသိပေးနှိုးဆော်ချက် ဆိုင်းဘုတ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ အရေး‌ပေါ်အခြေအနေထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ဖွယ်ရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်များ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်စဉ်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာလုပ်ငန်းများ၊ သံသယလူနာများအား သီးခြားထားရှိခြင်း၊ ကုသခြင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်လိုအပ်ကြောင်း ရေးသားဖော်ပြထားလျက်ရှိကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)