တောင်သာ၊ ဇူလိုင် ၁၂
တောင်သာမြို့နယ်၊ တောင်သာ-မြင်းခြံကားလမ်း၊ မလှိုင်ဘက်အထွက်၊ မင်းကံရွာအနီးရှိ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့အား ၁၂-၈-၂၀၂၄ ရက်နေ့ ၀၅:၁၅ အချိန်မှစတင်၍ အကြမ်းဖက်သောင်း ကျန်းသူများမှ လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများမှ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊၎င်းအပြင် အကြမ်းဖက်သောင်းကျန်း သူများမှ တောင်သာမြို့အဝင်၊ တောင်သာ-မြင်းခြံကားလမ်းဘေးရှိ စက်မှုဝန်ကြီးဌာနပိုင် စွပ်ကျယ်စက်ရုံအား ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment