ကျွန်းစုမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

 



ကျွန်းစု ၊  ဩဂုတ် ၁၂


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန် နေ့ နေ့လယ်ပိုင်းက အမှတ် ၁ ရပ်ကွက် ရှိ အလင်းရောင် စာကြည့်တိုက်၌ ကျင်းပခဲ့သည်။


ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီးကာကွယ်ပေးရေး  စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများက မြို့နယ် ပြန်/ဆက်မှ ခင်းကျင်းပြသထားသော အသိပညာပေး စာအုပ်စာ‌ပေများနှင့် နံရံကပ်စာစောင်များအား ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။


ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)