ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး






ရွှေတောင်  ၊  သြဂုတ် ၂၂

 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ နေ့နက်ပိုင်းက ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

          ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာတွင် မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၁၉B) ကွင်းအတွင်းရှိ တောင်သူ ဦးမြင့်ဆွေ၏ ( ၁.၂၅) ဧကရှိ လယ်မြေတွင် ဗီယက်နမ်စပါးမျိုးစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ( ၃)သီးဧကများ ပြည့်မီစွာ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် လမ်းဘေးဝဲယာများတွင် အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးသွားရန် ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၂၁)မင်းရွာ ကွင်းအတွင်းရှိ တောင်သူ    ဦးလင်းလင်း၏ လယ်မြေတွင် ဗီယက်နမ်စပါးမျိုး(၁၀)ဧကမျိုးသန့်မျိုးပွားစိုက်ပျိုးထားရှိမှု

အခြေအနေတို့အားကြည့်ရှုစစ်ဆေး၍ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများလည်း စိုက်ပျိုးဆောင်ရွက်နိုင်ရေးမှာကြားပြီး ခရိုင်စိုက်ပျိုး‌      မွေးမြူရေးသင်တန်းကျောင်းတွင် မေထုံမဲ့သားစပ်သင်တန်း ပို့ချဆောင်ရွက်သွားမည်ဖြစ်ရာ နို့ထွက်ကောင်းမွန်စေရေး နို့စားနွားများနှင့် ဒေသနွားများသားစပ် မွေးမြူနိုင်ရေး တိုင်း/ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ကြို့ကုန်းကျေးရွာ အုပ်စု ၊ ရွာမကျေးရွာရှိ တောင်သူများ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ထုတ်ချေးရရှိနိုင်ရေး တင်ပြမှုအပေါ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးမှ သက်ဆိုင်ရာ ခရိုင် / မြို့နယ် စီးပွားရေးဘဏ်များဖြင့်ချိတ်ဆက်၍ ချေးငွေများ အမြန်ပြန်လည်ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   ဆက်လက်၍ နွားမယံကျေးရွာအုပ်စု၊ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန( ရေအရင်းအမြစ်) ဦးစီးဌာနရှိ နတ်မှော်မြစ်ရေတင်ရေပေးဝေမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)