ဒေးဒရဲ ၊ သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ အလေ့အထများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် တစ်ကိုယ်ရည် ကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀) နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးမှူးအဆင့် (၁) ဒေါ်မိုမိုးလှိုင်က မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာရဲရင့်အောင်က သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား မျက်စိအမြင်အာရုံ စစ်ဆေးပေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအား ပြုလုပ်ပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment