ပေါင်၊ ဩဂုတ် ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံ (၁၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က ပေါင်မြို့နယ်အနေဖြင့် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်တိုးဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း ဌာနဆိုင်ရာများအနေဖြင့် အသွားအလာဂရုစိုက်ကြပါရန် မိမိပတ်ဝန်းကျင်ရှိပြည်သူများ ရောဂါလက္ခာ ဖြစ်ပွားတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့အချိန်မီသွားရောက်ပြီး ကုသမှုခံယူရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းညွန့်ဝင်း က Mpox (မျောက်ကျောက်)ရောဂါသည် မြန်မာနိုင်ငံအိမ်နီးချင်း ထိုင်းနိုင်ငံတွင်ဖြစ်ပွားလာသည့်အတွက် အထူးဂရုစိုက် ကြပ်မတ်ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်ဖြစ်သည့် လက္ခဏာများ၊ သံသယဖြစ်ပွားဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Mpox (မျောက်ကျောက်) ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့ခြင်း (သို့မဟုတ်) ရောဂါသံသယ လက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့် ကုသမှုခံယူကြပါရန် ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက Mpox (မျောက်ကျောက်)ရောဂါနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment